- မိုးဦးကျကာလဖြစ်သော ဧပြီ၊ မေနှင့် ဇွန်လများတွင် ဥကပ်နေသော (သို့မဟုတ်) ဥနှင့်ပြည့်ဝနေသော ရေချိုပုစွန်ထုပ်ကြီးများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြစ် ချောင်း၊ အင်းအိုင်များတွင် ဥချရန် ပြင်ဆင်လျှက်ရှိပါသည်။ ထိုပုစွန်ထုပ်ကြီးများမှ ထောင်ပေါင်းများစွာသော ပုစွန်များပေါက်ပွားလာနိုင်မည်ဖြစ်ပါသည်။
- အဆိုပါမျိုးပုစွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက ၄င်းတို့မှ သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးစေရာ ရောက်သဖြင့် ဥကပ်နေသော (သို့မဟုတ်) ဥနှင့်ပြည့်၀နေသော မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူ ခြင်း၊ သိုလှောင်ခြင်း၊ လက်၀ယ်ထားရှိခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၉၂ ဖြင့် တားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီးတရားစွဲဆိုအပြစ်ပေးနိုင်ရန် ပြဌာန်းထားပါသည်။
- သို့ပါ၍ ရေချိုပုစွန်ထုပ်များ ရေရှည်တည်တံ့နေစေရန် နှင့် မျိုးပြုန်းတီးမှုမှ
ကာကွယ်ရန်၊ တစ်နိုင်ငံလုံးရေရှည်စားသုံးနိုင်ရန်၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုကို
အထောက်အကူပြုနိုင်ရန်အတွက် ရေချိုပုစွန်ထုပ်ကြီးများကို ဧပြီလမှ ဇွန်လကုန် အထိ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန