နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျှက်ရှိရာ မိုးအ လွန်အကျွံရွာ သွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ် ခြင်းမှ ကြိုတင်ကာ ကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖေါ်ပြပါအချက် များကို ငါးပုစွန်မွေးမြူ ရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည်။
• ငါးမွေးမြူရေးကန်များ၏ကန်ဘောင်များခိုင်ခံ့ရန်အတွက် ကန်ဘောင်းပါးသော နိမ့်သောနေရာများ တွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင်ပြုလုပ်ထားရန်၊
• အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များ ဖြင့်ကာ ရံထားရန်၊
• ရေစီးကြောင်းနှင့်နီးသောငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက် ပြီးဝါးထ ရံများဖြင့် ကာရံ၍ သဲအိတ်များဖို့ထားရန်၊
• လိုအပ်ပါကငါးများရွှေေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်း များအား ကြိုတင်ပြင်ဆင်ထားရန်နှင့် အထူးသဖြင့်မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်း ထားရန်၊
• သိုလှောင်ထားသောငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအားရေလွတ်သောနေရာသို့ရွှေပြောင်းထားရန်၊
• ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားရန်၊
• မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအားအစဉ်ဂရုတစိုက် စစ် ဆေးနေရန်၊
• ထူးခြားသည့်အခြေအနေများ အချိန်နှင်တပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်း ပို့နိုင် မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားရန်၊
• အစိုးရပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျှက်ရှိသော အရေးပေါ်မိုးလေဝသ သတိပေး ချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက်နားထောင်ရန်နှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများတွင်ပါရှိသည့်မိုးလေဝသနှင့်ပတ်သက်သည့်သတင်း၊ ဆောင်းပါးများအားအမြဲ မပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက် အလက်ဖလှယ်ကြရန်၊
• ရေကြီးနစ်မြှုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာန များနှင့်ဆက်သွယ်အကူအညီတောင်းခံကြရန်၊