ချင်းပြည်နယ်ငါးလုပ်ငန်းစခန်း(ရမ်ထလို)သည် ကိုဗစ်-၁၉ ကာလအတွင်း လူထုအကျိုးပြုလုပ်ငန်း များကိုကြိုးစားဆောင်ရွက်လျက်ရှိသည်။ (၅.၆.၂၀၂၀)ရက်နေ့တွင် ဖလမ်းခရိုင်၊ တလန်ဇာရ်ကျေးရွာ ငါးမွေးတောင်သူ ဦးဟလျန်ကျုံး၏ငါးကန်(၂)လုံး (၀.၂၅) ဧကခန့်တွင် မွေးမြူထားရှိသော ရွှေဝါ ငါးကြင်းများကိုပိုက်ဆွဲပြီး ငါးများကိုဆိုဒ်ခွဲ၍ စနစ်တကျမွေးမြူနိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီး ငါးသန်များထုတ်ပိုးသယ်ယူခြင်း နည်းပညာများကိုလည်း လက်တွေ့သင်ကြားပေးခဲ့ပါသည်။
နည်းပညာများမျှဝေပေး
(၆.၆.၂၀၂၀) ရက်နေ့တွင်လည်း ဟားခါးခရိုင် ချွန်ကျုံးကျေးရွာရှိ ဦးထလာကျဲအို၏ ငါးကန်(၉)လုံး (၀.၉) ဧကတွင် (၂၆.၅.၂၀၂၀)ရက်နေ့က သာဖောက်ပေးခဲ့သော ရွှေဝါငါးမှုံ(၆)ရက်သားကို ပြုစုကန်ထဲ ချပေးခဲ့ပြီး ငါးမှုံပြုစုခြင်းနည်းပညာများကိုလည်း မျှဝေပေးခဲ့ကြောင်းသိရသည်။