• demo 
     
  • demo
     
  • demo
     
  • demo
     
  • demo
     

  • Home
  • Fisher mm
  • news
  • ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သောမိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန်နှိုးဆော် (သုံးခွ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန) (2)

ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သောမိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန်နှိုးဆော် (သုံးခွ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန) (2)

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် အသိပညာပေးလက်ကမ်း စာဆောင်များနှင့် ပိုစတာများစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မဈေးအတွင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းအင်းအိုင်အနှံအပြား၌ ဉများဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရေပြည့်ဝနေသောငါးထီးကြီးများသည် ဉချရန် နေရာရှာ၍ ငါးရစ်တက်ပါကြောင်း၊ ထိုငါးရစ်များကို ဖမ်းဆီးလိုက်ပါက ပေါက်ဖွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များသည် သေကြေပျက်ဆီးကာ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံ လုံးငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွား နိုင်ပါကြောင်း၊ ထို့ကြောင့် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုစေလိုကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးတင်ဝင်းမှ ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ်(၂/၉၂)ဖြင့် ငါးရစ်ငါးသန်ရာသီချိန်များတွင် ငါးလုပ်ငန်းဦးစီးဌာန၏ခွင့်ပြုချက်မှတစ်ပါး ငါးများ ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ပါက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ရေချိုငါးလုပ်ငန်းဉပဒေအရ ဖမ်းဆီးတရားစွဲဆိုအပြစ်ပေးခံရမည်ဖြစ်ကြောင်းသိရ သည်။

ကြေညာချက်

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။

မူဝါဒ

 ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ဖြစ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

+49 555 000 000
hello@gmail.com
support@gmail.com