အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ငါးမန်းနှင့် ငါးလိပ်ကျောက်ဆိုင်ရာ သတင်း အချက် အလက် များပြည့်စုံစွာ ရရှိနိုင်ရေးအစီအစဉ်တစ်ရပ်အား ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စ၍ SEAFDEC အဖွဲ့ဝင်နိုင်ငံများအတွင်း စတင် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံအသီးသီးတွင် လုပ်ငန်းစီမံချက်များဖြင့် ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ SEAFDEC မှ ပညာရှင်များနှင့်မြန်မာနိုင်ငံမှ သုတေသနဝန်ထမ်းများပူးပေါင်း၍ ငါးတင်/ချ ဆိပ်ခံတံတားများ တွင် သတင်းအချက်အလက်များ ကွင်းဆင်းကောက်ယူမည့်ကနဦးအလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အား (၂၂.၇.၂၀၁၅) မှ (၂၃.၇.၂၀၁၅) ထိ ရန်ကုန်မြို့တွင် ကျင်းပဆောင်ရွက် ခဲ့ပြီး စာရင်းကောက်ယူမည့်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်း (၁၀) ဦးအား on site training ကနဦး သင်တန်း ပေးပါသည်။
ကျေးလက်နေပြည်သူလူထုအတွက် အစားအစာ ဘေးကင်းရေး နှင့် အရည်အသွေးပြည့်မီရေးသင်တန်း
ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သောကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၀) အစီအစဉ်အရ စီမံကိန်းကျေးရွာများတွင် Food Safety Training သင်တန်းအား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် နှင့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စုစုပေါင်း ကျေးရွာ (၅)ရွာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ စုစုပေါင်းကျေးရွာ
ရေရှည်တည်တံ့စေမည့် ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၏ ကျေးရွာများအား ကူညီပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်
မြန်မာ့ပိုင်နက်ရေပြင်အတွင်းDr.Fridtjof Nansen သုတေသနရေယာဉ်ဖြင့် အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲ များ ပျံ့နှံ့တည်ရှိမှု နှင့် ဂေဟဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်မှု
၁။ FAO နှင့် နော်ဝေနိုင်ငံ NORAD ၏အစီအစဉ်အရ သုတေသနရေယာဉ် Dr. Fridtjof Nansen ဖြင့် မြန်မာ့ပိုင်နက်ရေပြင်အတွင်း အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲ များ ပျံ့နှံ့ တည်ရှိမှု နှင့် ဂေဟဆိုင်ရာသုတေသနလုပ်ငန်းများကို ၁၉၇၉ ခုနှစ်တွင် စက်တင်ဘာ လမှ နိုဝင်ဘာလအထိလည်းကောင်း၊ ၁၉၈၀ ခုနှစ်တွင် မတ်လမှ ဧပြီလအထိ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဧပြီလမှ ဇွန်လအထိ လည်းကောင်း ဆောင်ရွက် ခဲ့ ပြီးသုတေသနရလာဒ် များကိုအခြေခံ၍ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါပြီး ထပ်မံ၍ ၂၀၁၈ ခုနှစ်တွင် ဩဂုတ် လ (၂၄) ရက်နေ့ မှ စက်တင်ဘာလ (၁၁) ရက်နေ့အထိ ရခိုင်နှင့်ဧရာဝတီ ရေပြင်များတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ဩဂုတ် လ (၁၄) ရက်နေ့ မှ စက်တင်ဘာလ (၂၉) ရက်နေ့အထိ တနင်္သာရီရေပြင်များ တွင် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
ရေရှည်တည်တံ့စေမည့် ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၏ ကျေးရွာများအား ကူညီပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်
၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် လူထုစည်းရုံးရေးမှူးများ ပထမအသုတ်အား ကျေးရွာလူထုထံသို့ ဤ SCF စီမံကိန်းက မိတ်ဆက်ပေးခဲ့ပါသည်။ ကျေးရွာလူထုအတွင်း ၎င်းတို့တည်ရှိနေခြင်းအားဖြင့် လိုအပ်သည့် အဖွဲ့အစည်းများ တည်ဆောက်ရာ၌ အဆက် မပြတ် ဆက်သွယ်ပြောဆို ကူညီပေးသည့်အတွက် Community Fisheries (CFi) Working Groups များနှင့် Cfi ကော်မတီများ ဖွဲ့စည်းရေး စည်းရုံးကူညီ အကောင် အထည်ဖော်ဆောင်ရွက်သည့် အစီအစဉ်များ တိုးတက်ကောင်းမွန်လာခဲ့ပါသည်။ စည်းရုံး ရေးမှူးအချို့ အလုပ်မှနုတ်ထွက်ခြင်း၊ လုံခြုံရေးကိစ္စရပ်များ ဖြစ်ပေါ်လာခြင်း၊