• Home
  • သတင်းများ
  • သင်တန်းများ
  • ရေရှည်တည်တံ့စေမည့် ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၏ ကျေးရွာများအား ကူညီပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်

ရေရှည်တည်တံ့စေမည့် ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၏ ကျေးရွာများအား ကူညီပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်

မြန်မာ့ပိုင်နက်ရေပြင်အတွင်းDr.Fridtjof Nansen သုတေသနရေယာဉ်ဖြင့် အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲ များ ပျံ့နှံ့တည်ရှိမှု နှင့် ဂေဟဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်မှု

၁။    FAO နှင့် နော်ဝေနိုင်ငံ  NORAD ၏အစီအစဉ်အရ  သုတေသနရေယာဉ် Dr. Fridtjof Nansen ဖြင့် မြန်မာ့ပိုင်နက်ရေပြင်အတွင်း အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲ များ ပျံ့နှံ့ တည်ရှိမှု နှင့် ဂေဟဆိုင်ရာသုတေသနလုပ်ငန်းများကို ၁၉၇၉ ခုနှစ်တွင် စက်တင်ဘာ လမှ နိုဝင်ဘာလအထိလည်းကောင်း၊ ၁၉၈၀ ခုနှစ်တွင် မတ်လမှ ဧပြီလအထိ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဧပြီလမှ ဇွန်လအထိ လည်းကောင်း ဆောင်ရွက် ခဲ့ ပြီးသုတေသနရလာဒ် များကိုအခြေခံ၍ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါပြီး ထပ်မံ၍ ၂၀၁၈ ခုနှစ်တွင် ဩဂုတ် လ (၂၄) ရက်နေ့ မှ စက်တင်ဘာလ (၁၁) ရက်နေ့အထိ ရခိုင်နှင့်ဧရာဝတီ ရေပြင်များတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ဩဂုတ် လ (၁၄) ရက်နေ့ မှ စက်တင်ဘာလ (၂၉) ရက်နေ့အထိ  တနင်္သာရီရေပြင်များ တွင် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။


၂။    ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများဖြစ်သော သီရိလင်္ကာ၊ ဘင်္ဂလားဒေရှ့် ၊ မြန်မာ နှင့် ထိုင်းနိုင်ငံ ရှိရေပြင်များအတွင်း ငါးသယံဇာတတည်ရှိနေမှု နှင့်ငါးမျိုးစိတ် များ ပျံ့နှံ့တည်ရှိနေမှု၊ ရေငန်ဂေဟဆိုင်ရာအချက်အလက်များအလိုက်ငါးများပြောင်းလဲကျက်စား နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့်ငါးများ၏ဥနှင့်သားလောင်းများ၏ ပေါက်ဖွား ကြီးပြင်းရာအချိန် နှင့် ဒေသ များအားသိရှိနိုင်ရန်နှင့် ရေထုနှင့် ငါးများ၏အသားအတွင်း Micro plastic ပါဝင်နေမှုအခြေအနေများအားသိရှိ နိုင်ရန်နှင့် မြန်မာ့ပင်လယ်ပြင်ရှိ သယံဇာတများကို နှစ်ပေါင်းများစွာ ရေရှည်ဖမ်းဆီး၍ ကောင်းစွာစီမံခန့်ခွဲရန်အတွက် မရှိမဖြစ် လိုအပ်သော တိကျခိုင်မာသည့် သတင်းအချက်အလက်များကိုအခြေခံ၍ ရေရှည်တည်တံ့နိုင်သောငါးလုပ်ငန်းစီမံခန့်ခွဲမှုဖြစ်လာစေရန်အပြင် ပြည်တွင်း သုတေ သနဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
၃။    ရရှိမည့်အကျိုးကျေးဇူးများမှာ သုတေသနသင်္ဘော R/V Dr. Fridtjof Nansen ဖြင့်  သုတေသနဆောင်ရွက်ခြင်းကြောင့် ပြည်တွင်းသုတေသနဝန်ထမ်းများ၏ စွမ်းဆောင်ရည် နှင့် အတွေ့အကြုံများမြှင့်တင်နိုင်ခြင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ငါးထုထည်ပမာဏအား ပြန်လည်အတည်ပြု ဆန်းစစ်နိုင်ခြင်း၊ အဏ္ဏဝါဇီဝမျိုးစုံ/မျိုးကွဲများ၊ အဏ္ဏဝါဂေဟဗေဒ ဆိုင်ရာအချက်အလက်များနှင့် ငါးသယံဇာတတည်ရှိမှူပမာဏကိုအခြေခံ၍  နှစ်စဉ်မှန်မှန် မျိုးမပြုန်းတီးစေဘဲ ဖမ်းဆီးနိုင်သောပမာဏ (Maximum Sustainble Yield – MSY ) နှင့် ငါးများ၏ တည်ရှိမှုထုထည်ပမာဏ (Bio-mass) ကိုသိရှိနိုင်ခြင်း၊ ငါးများ၏ ဥနှင့် သားလောင်းများ( Egg and Larvae Distribution) ပျံ့နှံ့တည်ရှိမှုအား လေ့လာသိရှိခြင်းဖြင့် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရနေရာ သတ်မှတ်ရာတွင် သုတေသနရလာဒ်ကိုအခြေခံ၍ ပိုမို တိကျသော အစီအမံများအားချမှတ်ဆောင်ရွက်နိုင်ခြင်း၊ ထို့အပြင် ၂၀၁၈ ခုနှစ် World Environnemental Day ၏ Beat Plastic Pollution             ဆောင်ပုဒ်နှင့်အညီ မြန်မာ့ ပင်လယ်ပြင် အတွင်း Plastic ပါဝင်နေမှုအတိုင်းအတာအားလေ့လာသွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံ များကို ကောင်းမွန်စွာချမှတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။