ကျေးလက်နေပြည်သူလူထုအတွက် အစားအစာ ဘေးကင်းရေး နှင့် အရည်အသွေးပြည့်မီရေးသင်တန်း

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သောကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၀) အစီအစဉ်အရ စီမံကိန်းကျေးရွာများတွင် Food Safety Training သင်တန်းအား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် နှင့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စုစုပေါင်း ကျေးရွာ (၅)ရွာတွင်လည်းကောင်း၊  ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ စုစုပေါင်းကျေးရွာ

(၃)ရွာတွင်လည်းကောင်း ကျေးလက်နေပြည်သူလူထုအတွက် အစားအစာဘေးကင်းရေးနှင့် အရည်အသွေးပြည့်မီရေး သင်တန်း၊ အသေးစားငါးလုပ်ငန်း စီးပွားလုပ်ကိုင်နေကြသူများအတွက် ငါးနှင့် ငါးကုန် ထုတ်လုပ်မှုဆိုင်ရာ ကိုင်တွယ်မှု ထုတ်လုပ်နည်းသင်တန်းများကို နိုင်ငံခြားသားပညာရှင်(၃)ဦး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများမှ သွားရောက်သင်တန်းပို့ချလျှက်ရှိရာ (၁၁-၂-၂၀၁၉) ရက်နေ့မှ (၁၃-၅-၂၀၁၉)ရက်ထိ  အကြိမ်(၂၀)ရှိခဲ့ပြီး ကျား (၁၈၉)ဦး၊ မ(၂၂၅)ဦး စုစုပေါင်း (၄၁၄)ဦးအား သင်တန်းပို့ချပေးနိုင်ခဲ့ပါသည်။

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။