• Home
  • ဌာနခွဲများ
  • မွေးမြူရေးဌာနခွဲ
  • ရေရှည်တည်တံ့ခိုင်မြဲစေသောငါးမွေးမြူရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် အဆင့်များကို ပြည့်မီရေးနှင့် အစားအစာလုံခြုံစွာတင်ပို့ခြင်းဆိုင်ရာ စံသတ်မှတ်ချက်တို့အတွက် ပုစွန်မွေးမြူရေးရှေ့ပြေးစီမံကိန်းများဆောင်ရွက်ခြင်း

ရေရှည်တည်တံ့ခိုင်မြဲစေသောငါးမွေးမြူရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် အဆင့်များကို ပြည့်မီရေးနှင့် အစားအစာလုံခြုံစွာတင်ပို့ခြင်းဆိုင်ရာ စံသတ်မှတ်ချက်တို့အတွက် ပုစွန်မွေးမြူရေးရှေ့ပြေးစီမံကိန်းများဆောင်ရွက်ခြင်း

မွေးမြူရေးထွက်ကုန်များ အီးယူနှင့်နိုင်ငံတကာစျေးကွက်သို့ အဆင့်အတန်းမီစွာ တင်ပို့နိုင် ရေးအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(GAqP)စနစ်များအကောင်အထည်ဖော်ရေးတို့ကို
ဆောင်ရွက်လျက်ရှိပါသည်။ ငါး/ပုစွန်မွေးမြူရေးကန်များတွင် GAqP နည်းစနစ်နှင့်အညီ စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရေးအတွက် GAqP Extension  Teamဖွဲ့စည်းခဲ့ပြီး ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ်နှင့် ပတ်သက်သည့်ပညာပေးသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး တို့တွင် သင်တန်းများဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ သင်တန်း(၅)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ (၁၈၃) ဦး အား လည်းကောင်း၊ ဟောပြောပွဲ(၇)ကြိမ်၊ ဦးရေ(၈၄၀)ဦးအားလည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။

GAqP အသိအမှတ်ပြုလက်မှတ်များအား ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ  ကောင်းကောင်းကဏန်း ပျော့မွေးမြူရေးကုမ္ပဏီ၏  ဧက (၂၂၀)အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ နယ်ရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကဏန်းပျော့မွေးဧက (၈၀)နှင့် ပုစွန်ဖြူမွေးဧက (၆၀) အား လည်း ကောင်း၊ ဝါဝါဝင်းကုမ္ပဏီ၏ ငါးမွေးမြူရေးဧက (၇၆၁၄.၇၀) အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ SG Crabs World ကုမ္ပဏီ၏ ကဏန်းပျော့မွေးဧက (၈၀) အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ ထွန်းနေလင်းကုမ္ပဏီ၏ ငါးမွေးမြူရေး ဧက (၇၅၁) အားလည်းကောင်း၊ စုစုပေါင်း GAqP အသိအမှတ်ပြုလက်မှတ်(၇) ခုထုတ်ပေးခဲ့ပါ သည်။


 ငါးလုပ်ငန်းဦးစီးဌာနပိုင် ရေချို/ရေငန်ပုစွန်သားဖောက်စခန်းများ  ၊ ပုဂ္ဂလိကပိုင်ပုစွန်သား ဖောက်စခန်းများသည် နည်းပညာလိုအပ်ချက်များအရ ပုစွန်သားပေါက်များကို လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခြင်းမရှိသေးသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ လိုအပ်ချက်အရ  ပြည်ပမှ ရေချို/ရေငန်ပုစွန်သားပေါက်များကို စိစစ်ထောက်ခံပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက် နေ့ မှ ၂၀၁၉ ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့အထိ ရေချို၊ရေငန်ပုစွန်သားပေါက်ကောင်ရေ (၁၈၅.၆၅) သန်း၊ ရေချို၊ရေငန်ငါးသားပေါက်ကောင်ရေ(၁.၇၁) သန်းအား  ပြည်ပမှ တင်သွင်းနိုင်ရေး ထောက် ခံပေးခဲ့ပြီးဖြစ်ပါသည်။ ဌာနအနေဖြင့် ပုစွန်သားဖောက်နည်းပညာများ အဆင့်မြင့်တင်ရေးအတွက် နိုင်ငံတကာစီမံကိန်းများနှင့် ညှိနှိုင်းစီစဉ်လျက်ရှိပါသည်။

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။

မူဝါဒ

 ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ဖြစ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

+49 555 000 000
hello@gmail.com
support@gmail.com