• Home
  • ဌာနခွဲများ
  • မွေးမြူရေးဌာနခွဲ
  • ငါးမွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးလာစေရန်အတွက်အမျိုးသားအဆင့်ငါးမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း

ငါးမွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးလာစေရန်အတွက်အမျိုးသားအဆင့်ငါးမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း

ငါးလုပ်ငန်းဦးစီးဌာနနှင့် EU - GIZ တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) မှ ငါးမွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးလာစေရန်အတွက်အမျိုးသားအဆင့်ငါးမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း (National Aquaculture Development Plan- NADP) ကို အောင်မြင်စွာဖော် ထုတ်ရေးဆွဲနိုင်ခဲ့ပြီဖြစ်သဖြင့် စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရန် “အမျိုးသားအဆင့်ငါးမွေး မြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Aquaculture Development Plan-NADP) စတင်ဆောင်ရွက်ခြင်း” အခမ်းအနားကို နေပြည်တော်၊ MICC 2 (၁၃..၂၀၂၀) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H. E. Kristian Achmidt နှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးမှ ကောင်စစ်ဝန် Mrs. Marianna Knirsch အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ဆက်စပ်ရာကဏ္ဍများ၏ ဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စိုက်မွေးဆည်ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ တက္ကသိုလ်များ၊ UMFCCI၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ NGOနှင့် INGOများ၊ သက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများ (CSO) မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၃၂) ဦး ပါဝင် တက်ရောက်ခဲ့ပါသည်။

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။

မူဝါဒ

 ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ဖြစ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

+49 555 000 000
hello@gmail.com
support@gmail.com