ပညာပေးနှိုးဆော်ချက်

  • မိုးဦးကျကာလဖြစ်သော ဧပြီ၊ မေနှင့် ဇွန်လများတွင် ဥကပ်နေသော (သို့မဟုတ်) ဥနှင့်ပြည့်ဝနေသော ရေချိုပုစွန်ထုပ်ကြီးများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြစ် ချောင်း၊ အင်းအိုင်များတွင် ဥချရန် ပြင်ဆင်လျှက်ရှိပါသည်။ ထိုပုစွန်ထုပ်ကြီးများမှ ထောင်ပေါင်းများစွာသော ပုစွန်များပေါက်ပွားလာနိုင်မည်ဖြစ်ပါသည်။
  • အဆိုပါမျိုးပုစွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက ၄င်းတို့မှ သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးစေရာ ရောက်သဖြင့် ဥကပ်နေသော (သို့မဟုတ်) ဥနှင့်ပြည့်၀နေသော မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူ ခြင်း၊ သိုလှောင်ခြင်း၊ လက်၀ယ်ထားရှိခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၉၂ ဖြင့် တားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီးတရားစွဲဆိုအပြစ်ပေးနိုင်ရန် ပြဌာန်းထားပါသည်။
  • သို့ပါ၍ ရေချိုပုစွန်ထုပ်များ ရေရှည်တည်တံ့နေစေရန်   နှင့် မျိုးပြုန်းတီးမှုမှ

ကာကွယ်ရန်၊ တစ်နိုင်ငံလုံးရေရှည်စားသုံးနိုင်ရန်၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုကို  

အ‌ထောက်အကူပြုနိုင်ရန်အတွက် ရေချိုပုစွန်ထုပ်ကြီးများကို ဧပြီလမှ ဇွန်လကုန် အထိ ဘေးမဲ့ပေးကြပါရန် နှိုး‌ဆော်အပ်ပါသည်။

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။

မူဝါဒ

 ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ဖြစ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

+49 555 000 000
hello@gmail.com
support@gmail.com