• Home
  • သမိုင်းအကျဉ်း

ငါးလုပ်ငန်းဦးစီးဌာန၏သမိုင်းအကျဉ်း

၁၉၇၂ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှ စတင်၍ ငါးလုပ်ငန်းဌာနခွဲကို ငါးလုပ်ငန်းဦးစီးဌာန ဟု ပြင်ဆင်သတ်မှတ်ပြီး၊ ဌာနအကြီးအကဲ အနေဖြင့် ညွှန်ကြားရေးမှူးချုပ် မှ တာဝန်ယူ၍ အရာထမ်း (၉) ဦး၊ အမှုထမ်း (၁၈၃) ဦးဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူခဲ့ပြီးနောက်ပိုင်း ငါးလုပ်ငန်းဦးစီးဌာနကို တိုးတက်များပြားလာသော လုပ်ငန်းတာဝန်များနှင့် လိုက်လျောညီထွေဖြစ်စေရန် အရာထမ်း (၁၀၃) ဦး၊ ဝန်ထမ်း (၁၂၅၁) ဦး၊ စုစုပေါင်း (၁၃၅၄) ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်ကို ၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ တွင် ခွင့်ပြုခဲ့ပါသည်။ ၁၉၉၆ခုနှစ်တွင် ငါးလုပ်ငန်းဖွံ့ဖြိုးရေးဌာနခွဲ၊ ငါးပုစွန်သုတေသနနှင့် စမ်းသပ်မွေးမြူထုတ်လုပ်ရေးဌာန၊ ရေလုပ်ငန်းလေ့ကျင့်ရေးဌာနတို့အား သွတ်သွင်းဖွဲ့စည်းပြီး၊ အရာထမ်း (၁၉၁)ဦး၊ အမှုထမ်း (၁၆၃၈) ဦး၊ အမြဲတမ်းအင်အား (၁၈၂၉) ဦး ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ ငါးလုပ်ငန်းဦးစီးဌာနအား (၂၃-၈-၂၀၁၂) ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းခွင့် ရရှိခဲ့ပါသဖြင့်အရာထမ်း (၁၉၆) ဦး၊ အမှုထမ်း (၁၇၀၄) ဦး၊ စုစုပေါင်း (၁၉၀၀) ဦးဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် (၂၂-၅-၂၀၁၄) ရက်နေ့တွင် ဖွဲ့စည်းပုံအဆင့်မြှင့် ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် အရာထမ်း(၃၆၅)ဦး၊ အမှုထမ်း (၂၁၀၄) ဦး၊ စုစု‌ပေါင်း (၂၄၆၉) ဦးဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်လျက် ရှိပါသည်။

မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းပါသည်။

မူဝါဒ

 ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ဖြစ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

+49 555 000 000
hello@gmail.com
support@gmail.com