အဓိကအကြောင်းအရာသို့ သွားမည်
x
ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ

ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်အစီအစဉ်

မျှော်မှန်းချက် (Vision)

          ငါးလုပ်ငန်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ငါးရိက္ခာလုံလောက်စွာ ဖြည့်ဆည်းရေး၊ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ဖြစ်ပေါ်ရေးနှင့် ငါးလုပ်ငန်းမှ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိရေးကို တည်မြဲစွာဆောင်ရွက်နိုင် ရေးအတွက် ရေရှည်တည်တံ့သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုများကို အထောက်အကူပြုရန် ဆောင်ရွက်ခြင်း။

ဆောင်ရွက်ချက် (Mission)

          ရည်မှန်းချက်ကိုဖေါ်ဆောင်ရန် ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများကို အောက်ပါ ကဏ္ဍများအလိုက် တိုးမြှင့်ဆောင်ရွက်ခြင်း -

(၁)

ရေငန်ငါးသယံဇာတတည်ရှိမှုနှင့် ဖမ်းဆီးထုတ်လုပ်မှု အခြေအနေများကို တိုင်း တာခြင်း။

(၂)

ရေချိုကုန်းတွင်းပိုင်း ငါးလုပ်ငန်းသယံဇာတတည်ရှိမှုနှင့် ဖမ်းဆီးထုတ်လုပ်မှု အခြေအနေများကို တိုင်းတာခြင်း။

(၃)

ရေချိုရေငန် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေး အတွက် မွေးမြူနည်းစနစ်၊ အစာထုတ်လုပ်မှု၊ မျိုးစိတ်ရွေးချယ်မှု စသည်များကို ဆောင် ရွက်ခြင်း။

(၄)

ငါးသယံဇာတများ  တိုးပွားလာစေရန် မျိုးစိုက်ထည့်ခြင်း၊ တိုးတက် ဆောင်ရွက် နိုင်ရေးအတွက် သဘာဝငါးများကို   သားဖေါက်နည်းစနစ်များ သုတေသနပြု ဖေါ် ထုတ်ခြင်း။

(၅)

ငါးများ မျိုးပွားသားပေါက်ခြင်းနှင့် သားပေါက်ပြုစုသော သဘာဝနေရာ များကို ဖေါ်ထုတ် အကာအကွယ်ပေးခြင်း။

(၆)

ရေရှည်ငါးလုပ်ငန်း တည်ရှိခြင်းနှင့်အတူ ငါးလုပ်ငန်းအမှီပြု အသက်မွေးဝမ်း ကြောင်းမှုများ ရေရှည်ဖြစ်ပေါ်ရေးအတွက် တာဝန်သိစည်းကမ်းရှိစွာ ငါးလုပ် ငန်း ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက် ခြင်း။

(၇)

မျိုးသုဉ်းရှားပါးရေသတ္တဝါများနှင့် ရှားပါးလာသော ငါးမျိုးစိတ်များကိုဖေါ်ထုတ် ခြင်း၊ မျိုးပျောက်ကွယ်ခြင်း မရှိစေရန် အကာအကွယ်ပေး စောင့်ရှောက်ခြင်း။

(၈)

ဖမ်းဆီးထိမိရရှိသော ငါးများကို စနစ်တကျ သန့်ရှင်းစွာ ကိုင်တွယ်ခြင်း၊ သို လှောင်ခြင်း၊ စီမံပြုပြင်နည်းလမ်းများ သင်ကြားပေးခြင်းဖြင့် ရေလုပ်သားများ ပိုမိုထိရောက်စွာ အကျိုးခံစားခွင့်ရရှိစေခြင်း။

(၉)

တန်ဘိုးနည်းငါးများ ငါးနုတ်ငါးဖွဲများကို တန်ဘိုးမြှင့်စီမံပြုပြင် နည်းလမ်းများ သင်ကြားပို့ချပေးခြင်းဖြင့် ကျေးလက်ရေလုပ်သားများ ဝင်ငွေတိုးတက် ရရှိစေ ခြင်း။

(၁၀)

ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေခံဘာသာရပ်များ ကို ပညာပေးလေ့ကျင့် သင်ကြားပေးရေး။

(၁၁)

အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများကို အနီး ကပ် ဆက်သွယ်သိရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဖေါ်ဆောင်နိုင် ရန် အစပျိုး ဆောင်ရွက်ခြင်း။

(၁၂)

ငါးလုပ်ငန်းဆိုင်ရာကဏ္ဍများ ဆက်သွယ်ဆောင်ရွက်နိုင်ရန်  Information Technology (Computer & Internet Access) စနစ်တွင် ပါဝင် ဆောင်ရွက်ခြင်း နှင့် ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ သိရှိလေ့လာနိုင်ရေးအတွက် စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်း။

တာဝန်ဝတ္တရားများ (Duty & Function)

          အထက်ပါလုပ်ငန်းဆောင်ရွက်မှုများကို အကောင်အထည်ဖေါ်ရန် ဖွံ့ဖြိုးရေးနှင့် သုတေ သန ဌာနခွဲရုံးအောက်တွင် အောက်ပါအတိုင်း ဌာနစုများ ဖွဲ့စည်းထားပါသည် -

(၁)

လက်ရှိဖွဲ့စည်းဆောင်ရွက်လျှက်ရှိသော ဌာနစုများ

 

(က)

ရေချိုရေငန်ငါးသယံဇာတ ထိန်းသိမ်းရေးဌာနစု

 

(ခ)

ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါရေသတ္တဝါများထိန်းသိမ်းရေးဌာနစု

 

(ဂ)

နိုင်ငံတကာဆက်ဆံရေးနှင့်စီမံကိန်းလုပ်ငန်းများဌာနစု

 

(ဃ)

သင်တန်းကျောင်းများ ကြီးကြပ်ကွပ်ကဲရေးဌာနစု

 

 

(၁.၁)

ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)

 

 

(၁.၂)

ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း)

 

(င)

ကွန်ပျူတာနှင့်စာကြည့်တိုက်

 

 

(၂)

ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ရန်လျာထားသော အစီအစဉ်

 

(က)

ရေငန်ငါးလုပ်ငန်းနှင့် သယံဇာတများ ထိန်းသိမ်းရေးဌာနစု

 

(ခ)

ရေချိုငါးလုပ်ငန်းနှင့် သယံဇာတများ ထိန်းသိမ်းရေးဌာနစု

 

(ဂ)

ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနစု

 

(ဃ)

ငါးလုပ်ငန်းဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရာသီဥတု သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုဆိုင်ရာ ဆက်စပ်လေ့လာသော ဌာနစု

 

(င)

ငါးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကြောင်းဆိုင်ရာဌာနစု

ဌာနစုများအလိုက်အကောင်အထည်ဖော်မှုအခြေအနေ (Performance) 

(၁)

ရေချိုရေငန်ငါးသယံဇာတထိန်းသိမ်းရေးဌာနစု

 

(က)

ရေချိုကုန်းတွင်းဒေသရှိ မြစ်ချောင်းအင်းအိုင်များတွင် ရေချိုငါး သယံဇာတ များ တည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုများကို တိုင်းတာခြင်း၊ ရာသီဥတုအလိုက် ပေါကြွယ်မှုကို ဒေသအလိုက် ခွဲခြားမှတ်တမ်း ပြုစု ခြင်း

 

(ခ)

မြန်မာပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျောက် ရေပြင်များတွင် ငါးလုပ်ငန်း သယံဇာတတည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုကို တိုင်းတာခြင်း၊ ရာသီဥတု အလိုက်ပေါကြွယ်မှုကို ဒေသအလိုက် ခွဲခြားမှတ်တမ်း ပြုစု ခြင်း

 

(ဂ)

ရေချိုရေငန်ငါးများနှင့် ရေသတ္တဝါများကို သတ္တဗေဒ အမည်ပေးစနစ်နှင့် အညီ မျိုးခွဲခြားခြင်း၊ နမူနာကောင်များကို ထိန်းသိမ်းခြင်း

 

 

(၂)

ပတ်ဝန်းကျင်နှင့်မျိုးသုဉ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစု

 

(က)

မြန်မာနိုင်ငံ၏ရေပြင်တွင် သက်ရှင်ကြီးထွား မျိုးပွားလျက်ရှိပြီး သတ္တ လောကတွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်သော  ရေသတ္တဝါများနှင့် အခြားရှားပါးသောရေသတ္တဝါများ (ဥပမာ - ဧရာဝတီလင်းပိုင်၊ ရေဝက်) စသော ရေသတ္တဝါများ မျိုးသုဉ်းပျက်စီးမှုမရှိစေရေးကို ငါးလုပ်ငန်းဥပဒေ ဖြင့် ထိရောက်စွာ အကာအကွယ်ပေးခြင်း

 

(ခ)

မျိုးသုဉ်းရှားပါးရေသတ္တဝါများကို နိုင်ငံတော်၏ တန်ဘိုးရှိ သက်ရှိ သယံ ဇာတများအဖြစ် သတ်မှတ်ပြီး ထိုသတ္တဝါများ ရေရှည်သက်ရှင် ကြီးထွား မျိုးပွားနိုင်ရေးအတွက် ဘေးမဲ့နေရာများ သတ်မှတ်ခြင်း၊ မတော်တဆ ဖမ်းဆီးထိမိခြင်းမှ အကာအကွယ်ပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

 

(ဂ)

ဖမ်းဆီးသုံးစွဲမှုများပြားလာခြင်းကြောင့်သော် လည်းကောင်း၊ ဂေဟ စနစ် ပျက်စီး၍သော်လည်းကောင်း၊ ရေသတ္တဝါများ သက်ရှင်ကြီးထွား မျိုးပွားမှု ကွင်းဆက်တွင် နေရာရရှိမှု အားနည်းလာခြင်းကြောင့် ၄င်း ရှားပါးစပြုလာ သော ငါးမန်း၊ ပင်လယ်လိပ်စသည်များ ဖမ်းဆီးအသုံး ချခြင်း၊ ရေသတ္တဝါ များ၏ ဂေဟစနစ်ကို ပျက်စီးခြင်းနှင့် နေရာရွေ့ ပြောင်းသွားလာခြင်း လမ်းကြောင်းများကို တားဆီးခြင်း မပြုလုပ်ရန် အနီးကပ်ကြပ်မတ်ခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်ခြင်း

 

 

(၃)

နိုင်ငံတကာဆက်ဆံရေးနှင့် စီမံကိန်းလုပ်ငန်းများဌာနစု

 

(က)

နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အခြားနိုင်ငံများ မှ ဆက်သွယ်ဖိတ်ကြားလာသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာတော်သင်နှင့် ပြပွဲကိစ္စရပ်များတွင် ငါးလုပ်ငန်း ဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်နိုင်ရေး အတွက် ရုံး လုပ်ငန်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း

 

(ခ)

စီမံကိန်းတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဌာနခွဲ၊ ဌာနစုများ၏ ရုံး လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း

 

(ဂ)

ပြည်ပသွားရောက်ခဲ့သည့် အရာထမ်း၊ အမှုထမ်းများ၏ အစီရင်ခံစာ များ အား စုစည်းမှတ်တမ်းထားရှိခြင်း

 

 

 

 

(၄)

ငါးလုပ်ငန်းသင်တန်းကျောင်းများ ကြီးကြပ်ကွပ်ကဲရေးဌာနစု

 

(က)

ငါးလုပ်ငန်းဦးစီးဌာနမှ ထူထောင်ထားသော ကြို့ကုန်း၊ ငါးလုပ်ငန်း အတတ် သင် သိပ္ပံ ၊ စစ်ကိုင်းငါးလုပ်ငန်း သင်တန်းကျောင်းနှင့် ဖျာပုံ ငါးလုပ်ငန်း သင်တန်းကျောင်းများကို အောက်ပါဘာသာရပ်များ ပုံမှန် စုစည်းပို့ချရန် ဆောင်ရွက်လျက်ရှိပါသည် -

 

 

(က.၁)

ပင်လယ်ကမ်းဝေးငါးဖမ်းရေယာဉ် လုပ်သားသင်တန်း

 

 

(က.၂)

ရေလမ်းထိန်းသိမ်းရေးနှင့် ရေကြောင်း ပြဘာသာရပ်

 

 

(က.၃)

ငါးဖမ်းကရိယာနှင့် ငါးဖမ်းပိုက်ပြုပြင်ခြင်းဘာသာရပ်

 

 

(က.၄)

ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဘာသာရပ်

 

 

(က.၅)

ဖမ်းဆီးရမိသောငါးများကို စနစ်တကျကိုင်တွယ်သိုလှောင်ခြင်း 

ဘာသာရပ်

 

 

(က.၆)

ငါး၊ ပုစွန် စီမံပြုပြင်ခြင်းဘာသာရပ်

 

 

(က.၇)

စားသုံးသူဘေးအန္တရာယ်ကင်းစေရန် ငါး၊ပုစွန်စီမံပြုပြင်ခြင်း  

ဘာသာရပ်

 

 

(က.၈)

ပြည်ပပို့ကုန် အရည်အသွေး စံချိန်စံညွှန်းထိန်းသိမ်းခြင်းဘာသာ  

ရပ်

 

 

(က.၉)

ငါး၊ပုစွန် စီမံပြုပြင်သောအလုပ်ရုံ၊ စက်ရုံများအတွက် လုပ်ငန်းခွင် ကျင့်စဉ်များနှင့် ထုတ်လုပ်မှုအရည်အသွေးမြှင့်သင်တန်းများ

 

 

(က.၁၀)

ငါး/ပုစွန် မွေးမြူရေးဘာသာရပ်

 

 

(က.၁၁)

ငါးလုပ်ငန်းစီမံခန့်ခွဲခြင်းဘာသာရပ်

 

 

 

 

(၅)

ကွန်ပျူတာနှင့်စာကြည့်တိုက်ဌာနစု

 

(က)

ငါးလုပ်ငန်းဦးစီးဌာန၏ ကွန်ပျူတာ၊ သတင်းနှင့် ဆက်သွယ်ရေးဌာန အဖြစ် တာဝန်ယူခြင်း

 

(ခ)

ဌာနသို့ ဝင်ရောက်လာသော Email  များဌာနနှင့် ဆက်စပ်သော           “Internet Website” များမှ သတင်းအချက်အလက်များ စုဆောင်းခြင်း

 

(ဂ)

E-government  ကျင့်စဉ်နှင့်အညီ ဌာန၏ Internet  သတင်းကွန်ယက် ကို ကြပ်မတ်ခြင်း၊ ထိန်းသိမ်းခြင်း