(က) | စီမံရေးရာဌာနစု | |
| (၁) | ရုံးအဖွဲ့ ဌာနစိတ် | နေ့စဉ်ရုံးတက်အင်အားစာရင်း ခွင့်မဲ့ပျက်ကွက်အင်အားစာရင်း အလှူအတန်းကိစ္စရပ်များ ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေး ဆိုင်ရာကိစ္စရပ်များ အခမ်းအနားတက်ရောက်ရန် ကိစ္စရပ်များ ဌာန၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှတ်တမ်း ဆိုင်ရာများ အသုံးစရိတ်ဆိုင်ရာ ငွေစာရင်းကိစ္စရပ်များ
|
| (၂) | အုပ်ချုပ်မှု ဌာနစိတ် | ထူးခြားဖြစ်စဉ်ကိစ္စရပ်များ အထက်ဌာန၏ ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားခြင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ တိုက်ပွဲရှောင်ကိစ္စရပ်များ နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးကိစ္စ ရပ်များ လစဉ် ဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အခမ်းအနား ကိစ္စရပ် အဖွဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းများ ဂိတ်တာဝန်၊ တာဝန်မှူး/တာဝန်ကျ တာဝန်ချထားမှု ကိစ္စရပ်များ ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ ၁၀ ရက်ကျော်နေထိုင်ခွင့်ကိစ္စရပ်များ အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များ အားကစားနှင့်ပတ်သက်သောကိစ္စရပ်များ
|
| (၃) | အင်အား ဌာနစိတ် | ဝန်ထမ်းသစ်ခန့်ထားခြင်းကိစ္စရပ်များ ဝန်ထမ်းနုတ်ထွက်ခွင့် ကိစ္စရပ်များ ဝန်ထမ်းအင်အားတိုး/လျော့ကိစ္စရပ်များ ရာထူးတိုးမြှင့်ခြင်းကိစ္စရပ်များ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းကိစ္စရပ်များ ဝန်ထမ်းများ၏ အရည်အချင်းစစ်စာမေးပွဲဆိုင်ရာ ကိစ္စ ရပ်များ နေ့စားဝန်ထမ်း ခန့်ထားခြင်း၊နုတ်ထွက်ခြင်းဆိုင်ရာများ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများသို့ စေလွှတ်ခြင်းဆိုင်ရာများ ဌာနတွင်း / ပြင်ပဌာနမှ ဖွင့်လှစ်သည့် သင်တန်းများသို့ စေလွှတ်ခြင်းဆိုင်ရာများ လစဉ်ဝန်ထမ်းအင်အား၊လချုပ်စာရင်းများပြုစုတင်ပြခြင်း ဌာနကူးပြောင်းတာဝန် ထမ်းဆောင်ခွင့် ဆိုင်ရာကိစ္စ ရပ်များ PDMS စနစ်ဖြင့် ဝန်ထမ်းမှတ်တမ်းများ ထိန်သိမ်းခြင်း ဆိုင်ရာကိစ္စရပ်များ
|
| (၄) | အကျိုးခံစားခွင့် ဌာနစိတ် | ဝန်ထမ်းများ၏ ဝန်ထမ်းမှတ်တမ်းဖိုင်များ ပြုစုထိန်သိမ်း ခြင်း ဝန်ထမ်းဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်ကိစ္စရပ်များ ပင်စင်ကိစ္စရပ်များ ခွင့်ခံစားခွင့် ကိစ္စရပ်များ နှစ်တိုးလစာခံစားခွင့်ကိစ္စရပ်များ ဝန်ထမ်းစိစစ်ရေးကတ်ပြုလုပ်ခြင်း ကိစ္စရပ်များ လုပ်သက်ဆက်စပ်ခွင့်ကိစ္စရပ်များ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်ကိစ္စရပ်များ ဝန်ထမ်းရေးရာနှင့်ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက် များ၊ စည်းမျဉ်း၊ စည်းကမ်းများထုတ်ပြန်ခြင်း ပြည်သူ့ဝန်ထမ်းဆိုင်ရာကိုယ်ရေးအချက် အလက်များ(GREEN CARD/WHITE CARD) ပင်စင်ဦးစီးဌာနသို့(၃)လတစ်ကြိမ်ပေးပို့ရသည့် ဝန်ထမ်း တစ်ဦးချင်းဆိုင်ရာ အချက်အလက်များ GPMSစနစ်ဖြင့် ဝန်ထမ်းများ၏ကိုယ်ရေးအချက်အလက် များရေးသွင်းခြင်း
|
| (၅) | အဂတိလိုက် စားမှုတားဆီး ကာကွယ်ရေး ဌာနစိတ် | အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်း များဆောင်ရွက်ခြင်း အသိပညာပေး လက်ကမ်းစာစောင်၊ ပိုစတာများ ဖြန့်ဝေခြင်း ဝန်ထမ်းများအား အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးဆိုင်ရာများအား အသိပညာပေးဟောပြောခြင်း ဌာနသို့ ဝန်ဆောင်မှုရယူရန်လာရောက်သော ပြည်သူ များအားအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ များအား အသိပညာပေးဟောပြောခြင်း အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိသော နေရာများအား ဆန်းစစ်ဖော်ထုတ်ခြင်း ဖော်ထုတ်ရရှိသော အဂတိဖြစ်နိုင်ခြေရှိသော နေရာများ အား စနစ်တကျကာကွယ်တားဆီးခြင်း အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသော ဥပဒေ၊ နည်းဥပဒေ များအား ပြင်ဆင်ရေးဆွဲနိုင်ရေး တင်ပြခြင်း ကော်မရှင်မှ လွှဲပြောင်းပေးပို့သော အမှုတွဲများအား စစ်ဆေးခြင်း၊ အဂတိလိုက်စားမှုပေါ်ပေါက်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီအရေးယူနိုင်ရေးတင်ပြခြင်း လိုအပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ အမှုတွဲလွှဲပြောင်းပေးပို့ခြင်း ပြည်သူ့တုံ့ပြန်မှုအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာပြုစုတင်ပြခြင်း
|
( ခ) | ထောက်ပံ့နှင့်ပို့ဆောင်ရေးဌာနစု |
| (၁) | ဝယ်ယူရေး ဌာနစိတ် | ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူသည့် တင်ဒါ လုပ်ငန်းများ သာမန်အသုံစရိတ်ဖြင့် ဝယ်ယူသည့် ဝယ်ယူရေး လုပ်ငန်းများ စာရေးကိရိယာများ ဝယ်ယူဖြည့်တင်းခြင်း/ ထုတ်ပေး ခြင်း လုပ်ငန်းများ ဝယ်ယူထားသော ရုံးသုံးစက်ကိရိယာ/ ပရိဘောဂ/ စာရေးကိရိယာများ ထိန်းသိမ်းခြင်း/ ထုတ်ပေးခြင်း လုပ်ငန်းများ
|
| (၂) | ပစ္စည်း ဌာနစိတ် | ဌာနပိုင် မြေ၊ အဆောက်အဦနှင့် ပစ္စည်းများ ဘဏ္ဍာ ရေးနှစ်အလိုက် ပြန်တမ်းရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဌာနပိုင် မြေများအား မြေပိုင်ဆိုင်မှုခိုင်မာစေရေးအတွက် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များ နှင့်အညီ လျောက်ထားဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ လျောက်ထားဆောင်ရွက်ပေးခြင်း ဌာနပိုင်မြေများ စွန့်လွှတ်၊ အပ်နှံ၊ လွှဲပြောင်းခြင်းများ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း ဌာနပိုင် အဆောက်အဦ၊ ပစ္စည်းများအား လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များနှင့်အညီ စာရင်းနုတ် ပယ်ဖျက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် များသို့ ညွှန်ကြားခြင်း ဌာနပိုင်ပစ္စည်းများ ထုတ်ယူသုံးစွဲခြင်း၊ ပြန်လည် အပ်နှံလက်ခံခြင်းများ၊ လယ်ဂျာများစာရင်းရေးသွင်း ခြင်း၊ စနစ်တကျမှတ်တမ်းတင်ထားရှိခြင်း ဌာနပိုင် မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရ ခြင်း ဌာနပိုင် အဆောက်အဦ၊ ပစ္စည်းများ လေလံတင် ထုခွဲ ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဌာနပိုင်မြေများပေါ်တွင် ကျူးကျော်ဝင်ရောက်နေများ ရှိပါကဖယ်ရှားရှင်းလင်းနိုင်ရေး ညွှန်ကြားခြင်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်ရခြင်း
|
| (၃) | ထောက်ပံ့ရေး ဌာနစိတ် | စက်သုံးဆီဝယ်ယူဖြည့်တင်းခြင်းလုပ်ငန်းများ စက်သုံးဆီဝယ်ယူ/သုံးစွဲ/လက်ကျန်စာရင်း ကိစ္စရပ်များ ဌာနပိုင်အဆောက်အဦနှင့် မြေငှားရမ်းခြင်း လုပ်ငန်းများ ငါးလုပ်ငန်းစခန်းများ၏ စက်သုံးဆီးသုံးစွဲ မှုစာရင်းများ တည်ဆောက်ရေးနှင့် တင်ဒါလုပ်ငန်းများ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကိစ္စရပ်များ လျှပ်စစ်မီး/မီတာခနှင့်ပတ်သက်သည့် လုပ်ငန်းများ ပြန်လည်အပ်နှံသည့်ပစ္စည်းများ ထိန်းသိမ်းခြင်း လုပ်ငန်း များ ဘဏ္ဍာနှစ်အလိုက် ဝယ်ယူသည့် ပစ္စည်းများအား သက်ဆိုင်ရာဌာနခွဲများသို့ အပ်နှံခြင်းလုပ်ငန်းများ ဌာနပိုင်အဆောက်အဦများ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများ
|
| (၄) | မော်တော်ယာဉ် ဌာနစိတ် | ဝန်ထမ်းကြို/ပို့ခြင်းဆိုင်ရာလုပ်ငန်းများ မော်တော်ယာဉ်ပြန်တမ်းဆိုင်ရာကိစ္စ ရပ်များ မော်တော်ယာဉ်များ၏ လိုင်စင်သက်တမ်း တိုးခြင်း ဆိုင်ရာကိစ္စရပ်များ အုပ်ချုပ်မှုဆိုင်ရာ မော်တော်ယာဉ်သုံးစွဲမှု လုပ်ငန်းများ မော်တော်ယာဉ်ခွဲဝေထားရှိမှုဆိုင်ရာ စာရင်းဇယားများ အရာထမ်းများသို့ မော်တော်ယာဉ်တွဲဖက် ပေးခြင်း လုပ်ငန်းများ ဝယ်ယူထားသည့် စက်သုံးဆီထုတ်ယူ/ သုံးစွဲမှုဆိုင်ရာ များ ပြုပြင်သုံးစွဲရန်မသင့် မော်တော်ယာဉ်/ မော်တော် ဆိုင်ကယ်များ သံရည်ကျိုအပ်နှံ ခြင်းနှင့်စာရင်းမှ ပယ်ဖျက်ခြင်းလုပ်ငန်းများ သဘာဝဘေးအန္တရာယ်နှင့် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး/ပျောက်ဆုံးသည့် မော်တော်ယာဉ်/ မော်တော် ဆိုင်ကယ်များ သံရည်ကျိုအပ်နှံခြင်းနှင့် စာရင်းမှ ပယ်ဖျက်ခြင်းလုပ်ငန်းများ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် အစားထိုးလဲလှယ် ခွင့်ကိစ္စရပ်များ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ ဌာနပိုင် စာရင်းရေးသွင်းခြင်းလုပ်ငန်းများ
|
( ဂ) | ဘဏ္ဍာရေးဌာနစု |
| (၁) | ငွေစာရင်း ဌာနစိတ် | ငွေတောင်းခံလွှာများအား ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးခြင်း ငွေတောင်းခံလွှာများအားစုစည်း၍ ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်း ဌာနခွဲအလိုက် လစာတောင်းခံလာမှုအား စိစစ်ခြင်း ဌာနခွဲအလိုက် ထောက်ပံ့ငွေနှင့် အိမ်ငှားစရိတ် တောင်းခံလွှာများအား စစ်ဆေးခြင်း လစာ၊ ထောက်ပံ့ငွေနှင့် အသုံးစရိတ်များ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး ဆောင် ရွက်ခြင်း လစဉ် လချုပ်စာရင်းများရေးဆွဲခြင်း ဌစ စာရင်းများ ပြုစုခြင်း
|
| (၂) | ဘတ်ဂျက် ဌာနစိတ် | ဘတ်ဂျက် တင်ပြတောင်းခံခြင်း ခွင့်ပြုဘတ်ဂျက်အား ပြည်ထောင်စုငွေထုတ်စာရင်းများ သို့ ခွဲဝေချထားခြင်း ငွေထုတ်ကန့်သတ်ချက် သတ်မှတ်ပေးခြင်း ပြန်တမ်းများ ပြုစုပေးပို့ခြင်း ပိုလျှံငွေများ ပြန်လည်အပ်နှံခြင်း ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များ
|
| (၃) | ဌာနတွင်း စာရင်းစစ် ဌာနစိတ် | |
(ဃ) | စီမံကိန်း၊ စာရင်းအင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနစု |
| (၁) | စီမံကိန်း ဌာနစိတ် | - နှစ်တို၊နှစ်ရှည်၊နှစ်စဉ်စီမံကိန်းများရေးဆွဲခြင်း။
- စီမံကိန်းအပေါ်လစဉ်၊(၃)လ၊(၆)လ၊ နှစ်ချုပ်အကောင် အထည်ဖော်နိုင်မှု အစီရင်ခံစာများပြုစုပေးပို့ခြင်း။
- နိုင်ငံခြားငွေရရှိမှုအစီရင်ခံစာပြုစုပေးပို့ခြင်း၊
- ငါးကဏ္ဍဆိုင်ရာအချက်အလက်များပြုစုပေးပို့ခြင်း။
- ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းဆောင်ရွက်ချက်များ ပြုစုခြင်း။
- လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတ်တမ်း ပြုစုခြင်း။
|
| (၂) | စာရင်းအင်း ဌာနစိတ် | - NIF,SDGS,MSDP,FEDS,ဆန်ဒိုင်းမူဘောင်ညွှန် ကိန်း များဆိုင်ရာအချက်အလက်များပြုစုခြင်း။
- တိုင်း/ပြည်နယ်ခရီးစဉ်အချက်အလက်များပြုစုခြင်း
- FAO,SEAFDEC မှ တောင်းခံသည့် အချက်အလက်များ ပြုစုပေးပို့ခြင်း။
- ငါးလုပ်ငန်းဆိုင်ရာစာရင်းအင်းစာအုပ်ထုတ်ဝေခြင်း
- စာရင်းအင်းဆိုင်ရာလုပ်ငန်းအဖွဲ့များတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခြင်း။
- ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီရင်ခံစာများ ပြုစုခြင်း။
|
( င) | ဥပဒေရေးရာဌာနစု | |
| (၁) | ငါးလုပ်ငန်း မူဝါဒ ဌာနစိတ် | ငါးလုပ်ငန်းနှင့် ပတ်သက်၍ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဥပဒေကျွမ်းကျင် မှုဖြင့် ပါဝင်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း စည်းမျဉ်းစည်းကမ်းများ အား လေ့လာခြင်းနှင့် လိုအပ်သည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရန် ကြီးကြပ် ဆောင်ရွက်ခြင်း၊ အထက်အဆင့်ဆင့်သို့ တင်ပြခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများကို အခြားနိုင်ငံများနှင့်ဖလှယ် ခြင်း၊ ရေလုပ်သားများ သိရှိနိုင်ရေး ပညာပေးဖြန့်ဝေ ခြင်းများ ဆောင်ရွက်ခြင်း၊ ဌာနမှ ဆောင်ရွက်နေသည့် ငါးလုပ်ငန်းများအား စီမံ ခန့်ခွဲရေး၊ ကြီးကြပ်ရေး၊ စစ်ဆေးရေး၊ အရေးပေါ်နှင့် အထူးကိစ္စရပ်များတွင် ဥပဒေရှုဒေါင့်မှ ပါဝင်ဆောင် ရွက် ခြင်း၊ ငါးလုပ်ငန်းများသည် တည်ဆဲဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခြင်း။ နိုင်ငံတကာ စည်းမျည်းစည်းကမ်းများ၊ သဘော တူညီချက်များကို လေ့လာခြင်း၊ မြန်မာဘာသာသို့ ပြန်ဆိုခြင်း၊ စာတမ်းရေးသားခြင်း၊
|
| (၂) | ဥပဒေရေးရာ ဌာနစိတ် | ဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်း ဥပဒေများ ပြဌာန်းခြင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ နိုင်ငံတကာ စည်းမျည်းစည်းကမ်းများ၊သဘောတူညီ ချက်များကို လေ့လာခြင်း၊ မြန်မာဘာသာသို့ ပြန်ဆို ခြင်း၊ စာတမ်းရေးသားခြင်း၊ မြန်မာနိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများတွင် ထည့် သွင်းရန် ပြင်ဆင်ခြင်းနှင့် စည်းကမ်းဖောက်ဖျက် သူများအား တရားစွဲဆိုခြင်း၊ အထက်လူကြီးများအတွက် အစီရင်ခံစာနှင့် အမှုတွဲ များပြင်ဆင်ပေးခြင်း၊ အစည်းအဝေးများ ကျင်းပရေး အတွက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်ခြင်း။ ငါးလုပ်ငန်းနှင့် ပတ်သက်သော ဥပဒေရေးရာကိစ္စ များအား တာဝန်ယူဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများတွင် ထည့်သွင်းရန် ပြင်ဆင်ခြင်းနှင့် စည်းကမ်းဖောက်ဖျက် သူများအား တရားစွဲဆိုခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနကိုယ်စား တရားရင်ဆိုင်ခြင်းများ ကို ဆောင်ရွက်ခြင်း၊
|
| | | | |