Skip to main content
x

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Phase II) စီမံကိန်းအပြီးသတ်အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက် နေ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက် စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Phase II) အပြီးသတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။  
    ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် တိုင်းဒေသကြီး၏ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးချဉ်၊ ပုစွန်ချဉ်၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိရည်ကျိနှင့် ငါးပိထောင်များသည် အစားအစာဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်နိုင်သည့်လုပ်ငန်းများဖြစ်လာပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများကို အဆင့်မြှင့်ထုတ်ပိုးမှု စနစ် ပြောင်းလဲထုတ်လုပ်ပါက ထုတ်ကုန်အရည်အသွေးတိုးတက်လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်လာနိုင်သဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းတာဝန်ခံဖြစ်သော ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးက စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် လုပ်ငန်း ဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ 
ဆက်လက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်း Video Clip ကို ကြည့်ရှု့ခြင်း၊ အသေးစားနှင့်အလတ်စား မိရိုးဖလာရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင် တစ်ဦးက စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ရေထွက်ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံစွာ ဖြင့် အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ခဲ့မှုအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ 
    ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းနှင့်ပူးပေါင်း ဆောင်ရွက် ခဲ့သည့် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို လှည့်လှည်ကြည့်ရှုခဲ့ကာ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပါသည်။