၀န်ဆောင်မှုကဏ္ဍ |
|
၀န်ဆောင်မှုခေါင်းစဉ် | (၁) နိုင်ငံခြားမှ ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး / |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ် ချက်များ | လျှောက်ထားလိုသူသည် ငါးလုပ်ငန်းဦးစီးဌာနနှင့် သက်ဆိုင်သော ငါးမွေးမြူရေး အစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး/ပုစွန် သား ပေါက်များနှင့်အလှမွေးငါးများအား နိုင်ငံခြားမှ မြန်မာ နိုင်ငံသို့ တင် သွင်းရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနတွင် သွင်းကုန်လိုင်စင် လျှောက်ထား ရန် အတွက် ထောက်ခံချက်ထုတ်ပေးရာတွင် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပါသည်။ |
၀န်ဆောင်ခ | မရှိပါ |
လိုအပ်သော စာရွက်စာတမ်းများ | (၁) ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်းများ၊ ဆေးဝါးများ အတွက်- (က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ (ခ) နိုင်ငံခြားဘဏ်တွင် နိုင်ငံခြားငွေ ရှိ/ မရှိ အထောက် အထား (ဂ) တင်သွင်းမည့်ကုန်ပစ္စည်းများ၏ အမည်စာရင်း (ဃ) တင်သွင်းမည့်ကုန်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း (င) Sale Contract & Invoice & Packing List (စ) အစာ၊ ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံဆိုင်ရာအထောက် အထား (ဆ) Composition (အစာကုန်ကြမ်းအတွက်) (ဇ) ယခင် တင်သွင်းခဲ့ခြင်းရှိ/ မရှိ၊ ရှိပါက တင်သွင်းခဲ့သည့် တန်ချိန်/ကီလိုဂရမ်နှင့်တင်သွင်းခဲ့သည့်ကာလဖော်ပြချက် (ဈ) သက်ဆိုင်ရာနိုင်ငံတွင် ငါးမွေးမြူရေးအစားအစာ၊ ကုန် ကြမ်းများ၊ ဆေးဝါး များ ထုတ်လုပ်သည့် ကုမ္ပဏီ၏ မှတ် ပုံတင်ထားမှုထောက်ခံချက်နှင့် လုပ်ငန်း လိုင်စင်ရှိမှု ထောက် ခံချက် (၂) ငါး/ပုစွန်သားပေါက်များအတွက် (က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ (ခ) နိုင်ငံခြားဘဏ်တွင် နိုင်ငံခြားငွေ ရှိ/ မရှိ အထောက် အထား |
| (ဂ) တင်သွင်းမည့် ငါး/ပုစွန်သားပေါက်များ၏ အမည်စာရင်း (ဃ) တင်သွင်းမည့် ငါး/ပုစွန်သားပေါက်များ၏ ရောင်စုံဓါတ်ပုံ မှတ်တမ်း (င) Sale Contract & Invoice (စ) တစ်ဖက်နိုင်ငံမှ သားပေါက်ထုတ်လုပ်သည့် Farm နှင့် Hatchery ၏ Profile (ဆ) သားပေါက်ထုတ်လုပ်သည့် ရာဇဝင်နှင့် လုပ်ငန်း အခြေ အနေ (ဇ) သက်ဆိုင်ရာနိုင်ငံတွင်သားပေါက်ထုတ်လုပ်သည့် Hatchery ၏မှတ်ပုံတင်ထားမှု ထောက်ခံချက် နှင့် လုပ်ငန်းလိုင်စင် ရှိမှုထောက်ခံချက် (ဈ) သားပေါက် ထုတ်လုပ်မှု ဆိုင်ရာ စာရွက် စာတမ်း (Fry Movement Document) အားသက်ဆိုင်ရာနိုင်ငံ၏ တာဝန်ရှိဌာနမှ အသိအမှတ်ပြုထောက်ခံချက် (ည) မွေးမြူရန်တင်သွင်းမည့် သားပေါက်များသည့် အရည် အသွေးကောင်းမွန်ပြီး စားသုံးသူများအား ဘေး အန္တရာယ် ရှိစေမည့်ရောဂါများနှင့် ပုစွန်ရောဂါများ ကင်းရှင်း ကြောင်း ထောက်ခံချက် (Health Certificate) (ဋ) ယခင်တင်သွင်းခဲ့ခြင်း ရှိ/မရှိ၊ ရှိပါက တင်သွင်းခဲ့သည့် သားပေါက်ကောင်ရေ နှင့်တင်သွင်းခဲ့သည့် ကာလ ဖော် ပြချက် (မှတ်ချက်။ တစ်ဖက်နိုင်ငံဆိုင်ရာအထောက်အထားများအား အင်္ဂလိပ် ဘာသာဖြင့် တင်ပြရန်)
(၃) အလှမွေးငါး (Live) များအတွက် (က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ (ခ) တင်သွင်းမည့်အလှမွေးငါးများ၏ အမျိုးအမည်စာရင်း (ဂ) တင်သွင်းမည့့်် အလှမွေးငါးများ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း (ဃ) Sale Contract & Invoice (င) သက်တမ်းရှိသော ငါးမွေးမြူခြင်းလိုင်စင် (စ) မွေးမြူရန်တင်သွင်းမည့် အလှမွေးငါးသားပေါက်များသည့် အရည်အသွေးကောင်းမွန်ပြီးဘေးအန္တရာယ်ရှိစေမည့် ရောဂါ များကင်းရှင်းကြောင်းထောက်ခံချက်(Health Certificate) (ဆ) အလှမွေးငါးသားပေါက်များမွေးမြူမည့်တည်နေရာ (ဇ) သက်ဆိုင်ရာနိုင်ငံတွင် သားပေါက်ထုတ်လုပ်သည့် Hatchery ၏မှတ်ပုံတင်ထားမှု ထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင်ရှိမှု ထောက်ခံချက် |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက် သွယ်ရမည့် လိပ်စာ | မွေးမြူရေးဌာနခွဲ ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) နေပြည်တော် ဖုန်း ၀၆၇ - ၄၀၈၄၇၆ ၄၁၈၅၃၈ (fax) e-mail : aqd[email protected] winpapamyo [email protected] |