Skip to main content
x

၀န်ဆောင်မှုကဏ္ဍ

 

ဝန်ဆောင်မှုခေါင်းစဉ်  

ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က) လုပ်ကိုင်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)  နိုင်ငံခြားသားပိုင်ဆိုင်မှုကင်းရှင်းရမည်။

လိုအပ်သောစာရွက်စာတမ်းများ

(က) လိုင်စင် လျှောက်ထားလာသည့် ကမ်းဝေးငါးဖမ်းရေယာဉ် 

       အတွက်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ

         ထုတ်ပေးထားသည့်ရေယာဉ်ဂရမ်မူရင်းနှင့်မိတ္တူ၊

(ခ)  ငါးဖမ်းရေယာဉ်၏ ရှေ့နောက်၊ ဝဲယာအနေအထား (၄)

      မျိုးနှင့်တစ်မျိုး လျှင် ဓါတ်ပုံ(၂)ပုံစီ၊

(ဂ)  ရေယာဉ်ဂရမ်တွင်ဖော်ပြထားသည့် ပိုင်ရှင်၏ ဓါတ်ပုံ (၂)ပုံ   

       နှင့်အတူ ရေယာဉ်အားမိမိပိုင်ဆိုင်ကြောင်းကတိသစ္စာ ပြု 

      လွှာ နှင့် နိုင်ငံခြားသား အကျိုးစီးပွားပိုင်ဆိုင်မှု ပါဝင်

      ကြောင်းစစ်ဆေးတွေ့ရှိရပါ က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း

      ယူသည်အထိ အရေးယူခံရမည်ကို သိရှိကြောင်း ကတိဝန်ခံ  

      ချက်၊

(ဃ) ရေယာဉ်သည် ယခင်နှစ်များတွင် ငါးလုပ်ငန်းများ လုပ်

       ကိုင်ခဲ့ပါကငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားသည့် ငါး

       ဖမ်း/ ငါးသယ်လိုင်စင်မူရင်းနှင့် မိတ္တူ။

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန် အဆင့်များ

(က) တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနများ သို့ 

       သတ်မှတ်ထားသည့်လျှောက်လွှာပုံစံဖြင့်လျှောက်ထားရမည်။

(ခ) တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန မှ ငါးဖမ်း/

      ငါးသယ်ရေယာဉ်နှင့် မိတ္တူများအား စိစစ်၍ ညွှန်ကြားရေး

      မှူးချုပ် ထံတင်ပြရမည်။ 

(ဂ) ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့်  လိုင်စင်ခ များ

     ကို ပေးဆောင်ရမည်။

Fisheries Management Division