ဝန်ဆောင်မှုကဏ္ဍ |
|
ဝန်ဆောင်မှုခေါင်းစဉ် | နိုင်ငံခြားငါးဖမ်းရေယာဉ်လိုင်စင်ထုတ်ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | (က) ပြည်ထောင်စုအစိုးရအဖွဲ့ (သို့မဟုတ်) ဝန်ကြီးဌာနမှ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပြီးဖြစ်ရမည်။ (ခ) မြန်မာနိုင်ငံတွင် ကုမ္ပဏီကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထား ရှိရ မည်။ (ဂ) ဖက်စပ်ငါးဖမ်းလုပ်ငန်းအတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ အရဖက်စပ်ကုမ္ပဏီတည်ထောင်ပြီးဖြစ်ရမည်။ |
လိုအပ်သောစာရွက်စာတမ်းများ | (က) လုပ်ကိုင်လိုသည့် ငါးဖမ်းလုပ်ငန်းအတွက် အဆိုပြုလွှာ (ခ) ငါးလုပ်ငန်းဦးစီးဌာနနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်း |
ဝန်ဆောင်ခ | အခမဲ့ |
လျှောက်ထားရန်အဆင့်များ | (က) ငါးဖမ်းရေယာဉ်များမြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်သို့ ဝင် ရောက် ခွင့်ကို (၂)ပါတ် ကြိုတင်တင်ပြရမည်။ (ခ) ဝင်ရောက်ခွင့်ရရှိပြီးငါးဖမ်းရေယာဉ်များအားလိုင်စင်ခွန် ပေး သွင်း ရန်အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနတွင်ရေယာဉ်တိုင်းတာစစ်ဆေးခြင်းပြုလုပ်ရမည်။ (ဂ) ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေး ထားသည့် ရေယာဉ်မှတ်ပုံတင်လက်မှတ် မူရင်းနှင့် မိတ္တူပူးတွဲ ၍ ငါးဖမ်းခွင့်လိုင်စင်လျှောက်ထားရမည်။ (ဃ) သတ်မှတ်ထားသည့် လိုင်စင်ကြေးများကိုနိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဖြင့် ပေးဆောင်ရမည်။ (လိုင်စင်ခများ အား ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် ဝန်ကြီးဌာန ၏ သဘောတူညီချက်ဖြင့် သတ်မှတ်သွားမည် ဖြစ်ပါသည်။) (င) ဖက်စပ်ငါးဖမ်းလုပ်ငန်းအတွက် လိုင်စင်ခကို 10US$/ GRT/ Month နှင့် ဖမ်းမိကုန်တက်တန်ဘိုး( Catch Sharing)၏ ၁၅ % ပေးဆောင်ရမည်။ |
Fisheries Management Division