အဓိကအကြောင်းအရာသို့ သွားမည်
x
စီမံရေးနှင့်ဘဏ္ဍာရေးဌာနခွဲ

ငါးလုပ်ငန်းဦးစီးဌာန

စီမံရေးရာနှင့် ဘဏ္ဍာရေးဌာနခွဲ

          စီမံရေးရာနှင့် ဘဏ္ဍာရေးဌာနခွဲအား အရာထမ်း(၃၈)ဦး၊ အမှုထမ်း(၉၁)ဦး၊ စုစုပေါင်း(၁၂၉)ဦး ဖြင့် အောက်ဖော်ပြပါ ဌာနစု/ဌာနစိတ်အလိုက် လုပ်ငန်းတာဝန်များဆောင်ရွက်လျက်ရှိပါသည်-

(က)

စီမံရေးရာဌာနစု

 

(၁)

ရုံးအဖွဲ့ဌာနစိတ်

 

(၂)

အုပ်ချုပ်မှုဌာနစိတ်

 

(၃)

အင်အားဌာနစိတ်

 

(၄)

အကျိုးခံစားခွင့်ဌာနစိတ်

 

(၅)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဌာနစိတ်

( ခ)

ထောက်ပံ့နှင့်ပို့ဆောင်ရေးဌာနစု

 

(၁)

ဝယ်ယူရေးဌာနစိတ်

 

(၂)

ပစ္စည်းဌာနစိတ်

 

(၃)

ထောက်ပံ့ရေးဌာနစိတ်

 

(၄)

မော်တော်ယာဉ်ဌာနစိတ်

( ဂ)

ဘဏ္ဍာရေးဌာနစု

 

(၁)

ငွေစာရင်းဌာနစိတ်

 

(၂)

ဘတ်ဂျက်ဌာနစိတ်

 

(၃)

ဌာနတွင်းစာရင်းစစ်ဌာနစိတ်

(ဃ)

စီမံကိန်း၊ စာရင်းအင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနစု

 

(၁)

စီမံကိန်းဌာနစိတ်

 

(၂)

စာရင်းအင်းဌာနစိတ်

( င)

ဥပဒေရေးရာဌာနစု

 

(၁)

ငါးလုပ်ငန်းမူဝါဒ ဌာနစိတ်

 

(၂)

ဥပဒေရေးရာဌာနစိတ်

 

 

 

စီမံရေးရာနှင့်ဘဏ္ဍာရေးဌာနခွဲအောက်ရှိ ဌာနစု/ဌာနစိတ်များ

စီမံရေးရာနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများ

 

စဉ်

ဌာနစု/ဌာနစိတ်

ဆောင်ရွက်သည့်လုပ်ငန်းများ

(က)

စီမံရေးရာဌာနစု

 

 

(၁)

ရုံးအဖွဲ့

ဌာနစိတ်

  • နေ့စဉ်ရုံးတက်အင်အားစာရင်း

  • ခွင့်မဲ့ပျက်ကွက်အင်အားစာရင်း

  • အလှူအတန်းကိစ္စရပ်များ

  • ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေး ဆိုင်ရာကိစ္စရပ်များ

  • အခမ်းအနားတက်ရောက်ရန် ကိစ္စရပ်များ

  • ဌာန၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှတ်တမ်း ဆိုင်ရာများ

  • အသုံးစရိတ်ဆိုင်ရာ ငွေစာရင်းကိစ္စရပ်များ

 

(၂)

အုပ်ချုပ်မှု

ဌာနစိတ်

  • ထူးခြားဖြစ်စဉ်ကိစ္စရပ်များ

  • အထက်ဌာန၏ ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားခြင်း

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ

  • တိုက်ပွဲရှောင်ကိစ္စရပ်များ

  • နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးကိစ္စ ရပ်များ

  • လစဉ် ဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အခမ်းအနား ကိစ္စရပ်

  • အဖွဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းများ

  • ဂိတ်တာဝန်၊ တာဝန်မှူး/တာဝန်ကျ တာဝန်ချထားမှု ကိစ္စရပ်များ

  • ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ

  • ၁၀ ရက်ကျော်နေထိုင်ခွင့်ကိစ္စရပ်များ

  • အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များ

  • အားကစားနှင့်ပတ်သက်သောကိစ္စရပ်များ

 

(၃)

အင်အား ဌာနစိတ်

  • ဝန်ထမ်းသစ်ခန့်ထားခြင်းကိစ္စရပ်များ

  • ဝန်ထမ်းနုတ်ထွက်ခွင့် ကိစ္စရပ်များ

  • ဝန်ထမ်းအင်အားတိုး/လျော့ကိစ္စရပ်များ

  • ရာထူးတိုးမြှင့်ခြင်းကိစ္စရပ်များ

  • ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းကိစ္စရပ်များ

  • ဝန်ထမ်းများ၏ အရည်အချင်းစစ်စာမေးပွဲဆိုင်ရာ ကိစ္စ ရပ်များ

  • နေ့စားဝန်ထမ်း ခန့်ထားခြင်း၊နုတ်ထွက်ခြင်းဆိုင်ရာများ

  • နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများသို့ စေလွှတ်ခြင်းဆိုင်ရာများ

  • ဌာနတွင်း / ပြင်ပဌာနမှ ဖွင့်လှစ်သည့် သင်တန်းများသို့ စေလွှတ်ခြင်းဆိုင်ရာများ

  • လစဉ်ဝန်ထမ်းအင်အား၊လချုပ်စာရင်းများပြုစုတင်ပြခြင်း

  • ဌာနကူးပြောင်းတာဝန် ထမ်းဆောင်ခွင့် ဆိုင်ရာကိစ္စ ရပ်များ

  • PDMS စနစ်ဖြင့် ဝန်ထမ်းမှတ်တမ်းများ ထိန်သိမ်းခြင်း ဆိုင်ရာကိစ္စရပ်များ

 

(၄)

အကျိုးခံစားခွင့် ဌာနစိတ်

  • ဝန်ထမ်းများ၏ ဝန်ထမ်းမှတ်တမ်းဖိုင်များ ပြုစုထိန်သိမ်း ခြင်း

  • ဝန်ထမ်းဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်ကိစ္စရပ်များ

  • ပင်စင်ကိစ္စရပ်များ

  • ခွင့်ခံစားခွင့် ကိစ္စရပ်များ

  • နှစ်တိုးလစာခံစားခွင့်ကိစ္စရပ်များ

  • ဝန်ထမ်းစိစစ်ရေးကတ်ပြုလုပ်ခြင်း ကိစ္စရပ်များ

  • လုပ်သက်ဆက်စပ်ခွင့်ကိစ္စရပ်များ

  • ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်ကိစ္စရပ်များ

  • ဝန်ထမ်းရေးရာနှင့်ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက် များ၊ စည်းမျဉ်း၊ စည်းကမ်းများထုတ်ပြန်ခြင်း

  • ပြည်သူ့ဝန်ထမ်းဆိုင်ရာကိုယ်ရေးအချက် အလက်များ(GREEN CARD/WHITE CARD)

  • ပင်စင်ဦးစီးဌာနသို့(၃)လတစ်ကြိမ်ပေးပို့ရသည့် ဝန်ထမ်း တစ်ဦးချင်းဆိုင်ရာ အချက်အလက်များ

  • GPMSစနစ်ဖြင့် ဝန်ထမ်းများ၏ကိုယ်ရေးအချက်အလက် များရေးသွင်းခြင်း

 

(၅)

အဂတိလိုက် စားမှုတားဆီး ကာကွယ်ရေး ဌာနစိတ်

  • အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်း များဆောင်ရွက်ခြင်း

  • အသိပညာပေး လက်ကမ်းစာစောင်၊ ပိုစတာများ ဖြန့်ဝေခြင်း

  • ဝန်ထမ်းများအား အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးဆိုင်ရာများအား အသိပညာပေးဟောပြောခြင်း

  • ဌာနသို့ ဝန်ဆောင်မှုရယူရန်လာရောက်သော ပြည်သူ များအားအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ များအား အသိပညာပေးဟောပြောခြင်း

  • အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိသော နေရာများအား ဆန်းစစ်ဖော်ထုတ်ခြင်း

  • ဖော်ထုတ်ရရှိသော အဂတိဖြစ်နိုင်ခြေရှိသော နေရာများ အား စနစ်တကျကာကွယ်တားဆီးခြင်း

  • အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသော ဥပဒေ၊ နည်းဥပဒေ များအား ပြင်ဆင်ရေးဆွဲနိုင်ရေး တင်ပြခြင်း

  • ကော်မရှင်မှ လွှဲပြောင်းပေးပို့သော အမှုတွဲများအား စစ်ဆေးခြင်း၊

  • အဂတိလိုက်စားမှုပေါ်ပေါက်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီအရေးယူနိုင်ရေးတင်ပြခြင်း

  • လိုအပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ အမှုတွဲလွှဲပြောင်းပေးပို့ခြင်း

  • ပြည်သူ့တုံ့ပြန်မှုအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

  • လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာပြုစုတင်ပြခြင်း

 

( ခ)

ထောက်ပံ့နှင့်ပို့ဆောင်ရေးဌာနစု

 

(၁)

ဝယ်ယူရေး ဌာနစိတ်

  • ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူသည့် တင်ဒါ လုပ်ငန်းများ

  • သာမန်အသုံစရိတ်ဖြင့် ဝယ်ယူသည့် ဝယ်ယူရေး လုပ်ငန်းများ

  • စာရေးကိရိယာများ ဝယ်ယူဖြည့်တင်းခြင်း/ ထုတ်ပေး ခြင်း လုပ်ငန်းများ

  • ဝယ်ယူထားသော ရုံးသုံးစက်ကိရိယာ/ ပရိဘောဂ/ စာရေးကိရိယာများ ထိန်းသိမ်းခြင်း/ ထုတ်ပေးခြင်း လုပ်ငန်းများ

 

(၂)

ပစ္စည်း

ဌာနစိတ်

  • ဌာနပိုင် မြေ၊ အဆောက်အဦနှင့် ပစ္စည်းများ ဘဏ္ဍာ ရေးနှစ်အလိုက် ပြန်တမ်းရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

  • ဌာနပိုင် မြေများအား မြေပိုင်ဆိုင်မှုခိုင်မာစေရေးအတွက် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များ နှင့်အညီ လျောက်ထားဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ လျောက်ထားဆောင်ရွက်ပေးခြင်း

  • ဌာနပိုင်မြေများ စွန့်လွှတ်၊ အပ်နှံ၊ လွှဲပြောင်းခြင်းများ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း

  • ဌာနပိုင် အဆောက်အဦ၊ ပစ္စည်းများအား လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များနှင့်အညီ စာရင်းနုတ် ပယ်ဖျက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် များသို့ ညွှန်ကြားခြင်း

  • ဌာနပိုင်ပစ္စည်းများ ထုတ်ယူသုံးစွဲခြင်း၊ ပြန်လည် အပ်နှံလက်ခံခြင်းများ၊ လယ်ဂျာများစာရင်းရေးသွင်း ခြင်း၊ စနစ်တကျမှတ်တမ်းတင်ထားရှိခြင်း

  • ဌာနပိုင် မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရ ခြင်း

  • ဌာနပိုင် အဆောက်အဦ၊ ပစ္စည်းများ လေလံတင် ထုခွဲ ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

  • ဌာနပိုင်မြေများပေါ်တွင် ကျူးကျော်ဝင်ရောက်နေများ ရှိပါကဖယ်ရှားရှင်းလင်းနိုင်ရေး ညွှန်ကြားခြင်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်ရခြင်း

 

(၃)

ထောက်ပံ့ရေး

ဌာနစိတ်

  • စက်သုံးဆီဝယ်ယူဖြည့်တင်းခြင်းလုပ်ငန်းများ

  • စက်သုံးဆီဝယ်ယူ/သုံးစွဲ/လက်ကျန်စာရင်း ကိစ္စရပ်များ

  • ဌာနပိုင်အဆောက်အဦနှင့် မြေငှားရမ်းခြင်း လုပ်ငန်းများ

  • ငါးလုပ်ငန်းစခန်းများ၏ စက်သုံးဆီးသုံးစွဲ မှုစာရင်းများ

  • တည်ဆောက်ရေးနှင့် တင်ဒါလုပ်ငန်းများ

  • ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကိစ္စရပ်များ

  • လျှပ်စစ်မီး/မီတာခနှင့်ပတ်သက်သည့် လုပ်ငန်းများ

  • ပြန်လည်အပ်နှံသည့်ပစ္စည်းများ ထိန်းသိမ်းခြင်း လုပ်ငန်း များ

  • ဘဏ္ဍာနှစ်အလိုက် ဝယ်ယူသည့် ပစ္စည်းများအား သက်ဆိုင်ရာဌာနခွဲများသို့ အပ်နှံခြင်းလုပ်ငန်းများ

  • ဌာနပိုင်အဆောက်အဦများ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများ

 

(၄)

မော်တော်ယာဉ်

ဌာနစိတ်

  • ဝန်ထမ်းကြို/ပို့ခြင်းဆိုင်ရာလုပ်ငန်းများ

  • မော်တော်ယာဉ်ပြန်တမ်းဆိုင်ရာကိစ္စ ရပ်များ

  • မော်တော်ယာဉ်များ၏ လိုင်စင်သက်တမ်း တိုးခြင်း ဆိုင်ရာကိစ္စရပ်များ

  • အုပ်ချုပ်မှုဆိုင်ရာ မော်တော်ယာဉ်သုံးစွဲမှု လုပ်ငန်းများ

  • မော်တော်ယာဉ်ခွဲဝေထားရှိမှုဆိုင်ရာ စာရင်းဇယားများ

  • အရာထမ်းများသို့ မော်တော်ယာဉ်တွဲဖက် ပေးခြင်း လုပ်ငန်းများ

  • ဝယ်ယူထားသည့် စက်သုံးဆီထုတ်ယူ/ သုံးစွဲမှုဆိုင်ရာ များ

  • ပြုပြင်သုံးစွဲရန်မသင့် မော်တော်ယာဉ်/ မော်တော် ဆိုင်ကယ်များ သံရည်ကျိုအပ်နှံ ခြင်းနှင့်စာရင်းမှ ပယ်ဖျက်ခြင်းလုပ်ငန်းများ

  • သဘာဝဘေးအန္တရာယ်နှင့် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး/ပျောက်ဆုံးသည့် ‌ မော်တော်ယာဉ်/ မော်တော် ဆိုင်ကယ်များ သံရည်ကျိုအပ်နှံခြင်းနှင့် စာရင်းမှ ပယ်ဖျက်ခြင်းလုပ်ငန်းများ

  • မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် အစားထိုးလဲလှယ် ခွင့်ကိစ္စရပ်များ

  • မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ ဌာနပိုင် စာရင်းရေးသွင်းခြင်းလုပ်ငန်းများ

( ဂ)

ဘဏ္ဍာရေးဌာနစု

 

(၁)

ငွေစာရင်း

ဌာနစိတ်

  • ငွေတောင်းခံလွှာများအား ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးခြင်း

  • ငွေတောင်းခံလွှာများအားစုစည်း၍ ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်း

  • ဌာနခွဲအလိုက် လစာတောင်းခံလာမှုအား စိစစ်ခြင်း

  • ဌာနခွဲအလိုက် ထောက်ပံ့ငွေနှင့် အိမ်ငှားစရိတ် တောင်းခံလွှာများအား စစ်ဆေးခြင်း

  • လစာ၊ ထောက်ပံ့ငွေနှင့် အသုံးစရိတ်များ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး ဆောင် ရွက်ခြင်း

  • လစဉ် လချုပ်စာရင်းများရေးဆွဲခြင်း

  • ဌစ စာရင်းများ ပြုစုခြင်း

 

 

(၂)

ဘတ်ဂျက်

ဌာနစိတ်

  • ဘတ်ဂျက် တင်ပြတောင်းခံခြင်း

  • ခွင့်ပြုဘတ်ဂျက်အား ပြည်ထောင်စုငွေထုတ်စာရင်းများ သို့ ခွဲဝေချထားခြင်း

  • ငွေထုတ်ကန့်သတ်ချက် သတ်မှတ်ပေးခြင်း

  • ပြန်တမ်းများ ပြုစုပေးပို့ခြင်း

  • ပိုလျှံငွေများ ပြန်လည်အပ်နှံခြင်း

  • ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များ

 

 

(၃)

ဌာနတွင်း

စာရင်းစစ် ဌာနစိတ်

  • ဌာနတွင်း စာရင်းစစ်ဆေးမည့်အစီအမံများ ရေးဆွဲခြင်း
  • ဌာနတွင်း စာရင်းစစ်ဆေးဆောင်ရွက်ခြင်း
  • စာရင်းစစ်ဆေးမှု အစီရင်ခံစာများအား ထုတ်ပြန်ခြင်း

  • အစီရင်ခံစာအပေါ် ဆောင်ရွက်ပြီးစီးမှုအား ဌာနအကြီး အကဲထံ တင်ပြပြီး မှတ်တမ်းထားရှိခြင်း

 

(ဃ)

စီမံကိန်း၊ စာရင်းအင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနစု

 

(၁)

စီမံကိန်း ဌာနစိတ်

  • နှစ်တို၊နှစ်ရှည်၊နှစ်စဉ်စီမံကိန်းများရေးဆွဲခြင်း။
  • စီမံကိန်းအပေါ်လစဉ်၊(၃)လ၊(၆)လ၊ နှစ်ချုပ်အကောင် အထည်ဖော်နိုင်မှု အစီရင်ခံစာများပြုစုပေးပို့ခြင်း။
  • နိုင်ငံခြားငွေရရှိမှုအစီရင်ခံစာပြုစုပေးပို့ခြင်း၊
  • ငါးကဏ္ဍဆိုင်ရာအချက်အလက်များပြုစုပေးပို့ခြင်း။
  • ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းဆောင်ရွက်ချက်များ ပြုစုခြင်း။
  • လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတ်တမ်း ပြုစုခြင်း။

 

(၂)

စာရင်းအင်း ဌာနစိတ်

  • NIF,SDGS,MSDP,FEDS,ဆန်ဒိုင်းမူဘောင်ညွှန် ကိန်း များဆိုင်ရာအချက်အလက်များပြုစုခြင်း။
  • တိုင်း/ပြည်နယ်ခရီးစဉ်အချက်အလက်များပြုစုခြင်း
  • FAO,SEAFDEC မှ တောင်းခံသည့် အချက်အလက်များ ပြုစုပေးပို့ခြင်း။
  • ငါးလုပ်ငန်းဆိုင်ရာစာရင်းအင်းစာအုပ်ထုတ်ဝေခြင်း
  • စာရင်းအင်းဆိုင်ရာလုပ်ငန်းအဖွဲ့များတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခြင်း။
  • ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီရင်ခံစာများ ပြုစုခြင်း။

( င)

ဥပဒေရေးရာဌာနစု

 

 

(၁)

ငါးလုပ်ငန်း မူဝါဒ

ဌာနစိတ်

  • ငါးလုပ်ငန်းနှင့် ပတ်သက်၍ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဥပဒေကျွမ်းကျင် မှုဖြင့် ပါဝင်ဆောင်ရွက်ပေးခြင်း၊

  • နိုင်ငံတကာနှင့် ဒေသတွင်း စည်းမျဉ်းစည်းကမ်းများ အား လေ့လာခြင်းနှင့် လိုအပ်သည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရန် ကြီးကြပ် ဆောင်ရွက်ခြင်း၊ အထက်အဆင့်ဆင့်သို့ တင်ပြခြင်း၊

  • နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

  • မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများကို အခြားနိုင်ငံများနှင့်ဖလှယ် ခြင်း၊ ရေလုပ်သားများ သိရှိနိုင်ရေး ပညာပေးဖြန့်ဝေ ခြင်းများ ဆောင်ရွက်ခြင်း၊

  • ဌာနမှ ဆောင်ရွက်နေသည့် ငါးလုပ်ငန်းများအား စီမံ ခန့်ခွဲရေး၊ ကြီးကြပ်ရေး၊ စစ်ဆေးရေး၊ အရေးပေါ်နှင့် အထူးကိစ္စရပ်များတွင် ဥပဒေရှုဒေါင့်မှ ပါဝင်ဆောင် ရွက် ခြင်း၊

  • ငါးလုပ်ငန်းများသည် တည်ဆဲဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခြင်း။

  • နိုင်ငံတကာ စည်းမျည်းစည်းကမ်းများ၊ သဘော တူညီချက်များကို လေ့လာခြင်း၊ မြန်မာဘာသာသို့ ပြန်ဆိုခြင်း၊ စာတမ်းရေးသားခြင်း၊

 

(၂)

ဥပဒေရေးရာ ဌာနစိတ်

  • ဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်း ဥပဒေများ ပြဌာန်းခြင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

  • နိုင်ငံတကာ စည်းမျည်းစည်းကမ်းများ၊သဘောတူညီ ချက်များကို လေ့လာခြင်း၊ မြန်မာဘာသာသို့ ပြန်ဆို ခြင်း၊ စာတမ်းရေးသားခြင်း၊ 

  • မြန်မာနိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများတွင် ထည့် သွင်းရန် ပြင်ဆင်ခြင်းနှင့် စည်းကမ်းဖောက်ဖျက် သူများအား တရားစွဲဆိုခြင်း၊ 

  • အထက်လူကြီးများအတွက် အစီရင်ခံစာနှင့် အမှုတွဲ များပြင်ဆင်ပေးခြင်း၊ အစည်းအဝေးများ ကျင်းပရေး အတွက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်ခြင်း။

  • ငါးလုပ်ငန်းနှင့် ပတ်သက်သော ဥပဒေရေးရာကိစ္စ များအား တာဝန်ယူဆောင်ရွက်ခြင်း၊

  • မြန်မာနိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများတွင် ထည့်သွင်းရန် ပြင်ဆင်ခြင်းနှင့် စည်းကမ်းဖောက်ဖျက် သူများအား တရားစွဲဆိုခြင်း၊

  • ငါးလုပ်ငန်းဦးစီးဌာနကိုယ်စား တရားရင်ဆိုင်ခြင်းများ ကို ဆောင်ရွက်ခြင်း၊