လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်လှစ်ပို့ချမှု
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းလိုအပ်ချက်အရခန့်ထားခဲ့သော ဝန်ထမ်းသစ် (၃၀)ဦးတို့အား လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၂/၂၀၂၆)ကို ရုံးအမှတ်(၃၆) ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးဗဟိုဌာန (VMS Control Center)တွင် (၁၇-၈-၂၀၂၆) ရက်နေ့မှ (၂၁-၈-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
အဆိုပါ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနတွင် အတည်ပြုခန့်ထားခဲ့သော ဝန်ထမ်းအသစ်များအနေဖြင့် ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဌာန၏လုပ်ထုံးလုပ်နည်း၊ ဥပဒေများ၊ ရုံးလုပ်ငန်းဆိုင်ရာ သဘောသဘာဝများနှင့် ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများကို သိရှိပြီး လုပ်ငန်းခွင်တွင်အံဝင်ခွင်ကျဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၇-၈-၂၀၂၆)ရက် (တနင်္လာနေ့) နံနက်(၀၉:၃၀)နာရီအချိန် တွင် VMS Control Center ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သင်တန်းသူစုစုပေါင်း(၄၆)ဦးတက်ရောက်ခဲ့ပါသည်။
သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့၏ ဦးဆောင်မှုနှင့်အတူ အောက်ဖော်ပြပါအရာထမ်းများမှ သင်ခန်းစာများ သင်ကြားပို့ချခဲ့ပါသည်-
(က) ရေချို/ရေငန်ငါးပုစွန်မွေးမြူရေးအကြောင်း (ဒေါက်တာအောင်နိုင်ဦး၊ ညွှန်ကြားရေးမှူး)
( ခ) ငါး/ပုစွန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာကျင့်သုံးသင့်သည့် နည်းလမ်းများ (ဒေါ်မြမြဆင့်၊ ဒုတိယညွှန်ကြားရေးမှူး)
( ဂ ) ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် ပို့ကုန်/သွင်းကုန်ဆိုင်ရာအကြောင်း (ဒေါက်တာထွန်းသိန်း၊ ညွှန်ကြားရေးမှူး)
(ဃ) ရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဆိုင်ရာအကြောင်း (ဒေါ်သီတာမိုး၊ ဒုတိယညွှန်ကြားရေးမှူး)
( င ) နိုင်ငံတကာစီမံကိန်းနှင့် ပညာသင်ကြားရေးဆိုင်ရာအကြောင်း (ဒေါ်လှလှဌေး၊ ဦးစီးအရာရှိ)
( စ ) တရားမဝင်ငါးဖမ်းဆီးခြင်းဆိုင်ရာအကြောင်း (ဦးလွှမ်းမိုးဇော်၊ ညွှန်ကြားရေးမှူး)
(ဆ) ငါးလုပ်ငန်းဆိုင်ရာဥပဒေများအကြောင်း (ဒေါ်စိုးထက်ထက်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)
( ဇ ) ဘဏ္ဍာရေးဆိုင်ရာအကြောင်း (ဒေါ်ညိုညိုအေး၊ ညွှန်ကြားရေးမှူး)
( ဈ ) ဌာနတွင်းစာရင်းစစ်နှင့် စာရင်းစစ်ကန့်ကွက်ချက်များအကြောင်း (ဦးမျိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူး)
(ည) ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်း၊ အချက်အလက်များအကြောင်း (ဒေါ်မြင့်မြင့်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး
( ဋ) ရေချို/ရေငန် ငါးသယံဇာတဆိုင်ရာအကြောင်း (ဦးဇော်ထွန်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)
( ဌ ) ငါးရောဂါဆိုင်ရာအကြောင်း (ဒေါ်ရီရီချို၊ လက်ထောက်ညွှန်ကြားရေးမှူး)
( ဍ ) မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ)စီမံကိန်းအကြောင်း (ဒေါ်မြမြဆင့်၊ ဒုတိယညွှန်ကြားရေးမှူး)
( ဎ ) စီမံရေးရာနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်း (ဦးညွန့်ခင်၊ ညွှန်ကြားရေးမှူး)
(ဏ) ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်ခြင်းအကြောင်း (ဦးမင်းမင်းစိုး၊ ဒုတိယညွှန်ကြားရေးမှူး)
လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၂/၂၀၂၆)သို့ တက်ရောက်ခဲ့သည် သင်တန်းသား/ သင်တန်း သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | အမည် | ရာထူး | ဌာန | မှတ် ချက် |
၁ | ဒေါ်ချယ်ရီပြုံးလွင် | လက်ထောက်ဦးစီးမှူး | စီမံကိန်း၊ စာရင်းအင်းဌာနစု | |
၂ | ဒေါ်ယမင်းမိုမို | လက်ထောက်ဦးစီးမှူး | စီမံကိန်း၊ စာရင်းအင်းဌာနစု | |
၃ | ဦးအောင်ကောင်းမြတ် | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | |
၄ | ဦးအေးမင်းပိုင် | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | |
၅ | ဒေါ်သဲဆုဆုပိုင် | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | |
၆ | ဒေါ်ဆုပြည့်ပြည့်အောင် | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | |
၇ | ဒေါ်ဖြိုးဖြိုးကြွယ် | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | |
၈ | ဒေါ်ဝင်းမာအေး | လက်ထောက်ဦးစီးမှူး | စီမံရေးရာဌာနစု | |
၉ | ဒေါ်ကေခိုင်မျိုး | လက်ထောက်ဦးစီးမှူး | ဘဏ္ဍာရေးဌာနစု | |
၁၀ | ဒေါ်လုလုဖွေး | လက်ထောက်ဦးစီးမှူး | ဘဏ္ဍာရေးဌာနစု | |
၁၁ | ဒေါ်မူယာခိုင်ဝင်း | လက်ထောက်ဦးစီးမှူး | မွေးမြူရေးဌာနခွဲ | |
၁၂ | ဒေါ်ရွှေအိမ်စံ | လက်ထောက်ဦးစီးမှူး | မွေးမြူရေးဌာနခွဲ | |
၁၃ | ဒေါ်သိမ့်နီလာဇော် | လက်ထောက်ဦးစီးမှူး | မွေးမြူရေးဌာနခွဲ | |
၁၄ | ဒေါ်ချယ်ရီခိုင် | လက်ထောက်ဦးစီးမှူး | ကြီးကြပ်ရေးနှင့်အခွန်ဌာနခွဲ | |
၁၅ | ဒေါ်မျိုးသီရိကျော် | လက်ထောက်ဦးစီးမှူး | ကြီးကြပ်ရေးနှင့်အခွန်ဌာနခွဲ | |
၁၆ | ဒေါ်ပိုးသဉ္ဇာနွယ် | အကြီးတန်းစာရေး | ကြီးကြပ်ရေးနှင့်အခွန်ဌာနခွဲ | |
၁၇ | ဦးကျော်နိုင်စိုး | လက်ထောက်ဦးစီးမှူး | ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ | |
၁၈ | ဒေါ်ဖြိုးသီရိထွန်း | လက်ထောက်ဦးစီးမှူး | ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ | |
၁၉ | ဦးစိုင်းဦးလှိုင်ထွန်း | လက်ထောက်ဦးစီးမှူး | ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ | |
၂၀ | ဒေါ်ငြိမ်းဆန်းအေး | လက်ထောက်ဦးစီးမှူး | နေပြည်တော်ကောင်စီ | |
၂၁ | ဦးစိုင်းကျော်ကျော်ထွန်း | လက်ထောက်ဦးစီးမှူး | နေပြည်တော်ကောင်စီ | |
၂၂ | ဒေါ်ဟေမာဝင်း | အကြီးတန်းစာရေး | နေပြည်တော်ကောင်စီ | |
၂၃ | ဒေါ်အိသဇင်အောင် | အကြီးတန်းစာရေး | နေပြည်တော်ကောင်စီ | |
၂၄ | ဒေါ်အေးမြသက် | လက်ထောက်ဦးစီးမှူး | ပျဉ်းမနားမြို့နယ် | |
၂၅ | ဒေါ်အိမြတ်အောင် | ဒု-လ/ထဦးစီးမှူး | ပျဉ်းမနားမြို့နယ် | |
၂၆ | ဒေါ်အိန္ဒြေမြင့်အောင် | ဒု-လ/ထဦးစီးမှူး | လယ်ဝေးခရိုင် | |
၂၇ | ဦးလင်းထက်ကို | လက်ထောက်ဦးစီးမှူး | လယ်ဝေးမြို့နယ် | |
၂၈ | ဦးထန်းအောင် | ဒု-လ/ထဦးစီးမှူး | လယ်ဝေးမြို့နယ် | |
၂၉ | ဒေါ်မွန်မွန်မြင့် | ဒု-လ/ထဦးစီးမှူး | ရေဆင်းငါးလုပ်ငန်းစခန်း | |
၃၀ | ဒေါ်နှင်းပန်းအိမ် | ဒု-လ/ထဦးစီးမှူး | ရေဆင်းငါးလုပ်ငန်းစခန်း | |
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို (၂၁-၈-၂၀၂၆)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(မွေးမြူရေး) ဒေါက်တာ ရဲထွန်းဝင်း က သင်တန်းဆင်းမိန့်ခွန်းပြောကြား၍ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းလက်မှတ်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(မွေးမြူရေး) ဒေါက်တာရဲထွန်းဝင်း ပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ များကိုယ်စား ဦးအောင်ကောင်းမြတ်၊ လက်ထောက်ဦးစီးမှူးမှ လက်ခံရယူခဲ့ပါသည်။
