အဓိကအကြောင်းအရာသို့ သွားမည်
x

လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ပို့ချမှု

ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(/၂၀၂၆)ဖွင့်လှစ်ပို့ချမှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းလိုအပ်ချက်အရ ခန့်ထားခဲ့သော ဝန်ထမ်းသစ်(၂၇)ဦးတို့အား  လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (/၂၀၂၆)ကို ရုံးအမှတ်(၃၆)ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးဗဟိုဌာန (VMS Control Center)တွင် (၂၀--၂၀၂၆)ရက်နေ့မှ (၂၄--၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

အဆိုပါ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနတွင် အတည်ပြုခန့်ထားခဲ့သော ဝန်ထမ်းအသစ်များအနေဖြင့် ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဌာန၏လုပ်ထုံးလုပ်နည်း၊ ဥပဒေများ၊ ရုံးလုပ်ငန်းဆိုင်ရာ သဘောသဘာဝများနှင့် ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများကို သိရှိပြီး လုပ်ငန်းခွင်တွင်အံဝင်ခွင်ကျဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀--၂၀၂၆)ရက် (တနင်္လာနေ့) နံနက် (၀၉:၀) နာရီအချိန် တွင် VMS Control Center ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူစုစုပေါင်း(၄)ဦးတက်ရောက်ခဲ့ပါသည်။

သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့၏ ဦးဆောင်မှုနှင့်အတူ အောက်ဖော်ပြပါအရာထမ်းများမှ သင်ခန်းစာများ သင်ကြားပို့ချခဲ့ပါသည်-                         

          (က)   ရေချို/ရေငန်ငါးပုစွန်မွေးမြူရေးအကြောင်း                                                         (ဒေါက်တာအောင်နိုင်ဦး၊ ညွှန်ကြားရေးမှူး)

( )   ငါး/ပုစွန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာကျင့်သုံးသင့်သည့် နည်းလမ်းများ (ဒေါ်မြမြဆင့်၊ ဒုတိယညွှန်ကြားရေးမှူး)

          ( ဂ )   ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် ပို့ကုန်/သွင်းကုန်ဆိုင်ရာအကြောင်း           (ဒေါက်တာထွန်းသိန်း၊ ညွှန်ကြားရေးမှူး)

          ()    ရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဆိုင်ရာအကြောင်း                                           (ဒေါ်သီတာမိုး၊ ဒုတိယညွှန်ကြားရေးမှူး)

          ( င )   နိုင်ငံတကာစီမံကိန်းနှင့် ပညာသင်ကြားရေးဆိုင်ရာအကြောင်း                                            (ဒေါ်လှလှဌေး၊ ဦးစီးအရာရှိ)

          ( စ )   တရားမဝင်ငါးဖမ်းဆီးခြင်းဆိုင်ရာအကြောင်း                                                              (ဦးလွှမ်းမိုးဇော်၊ ညွှန်ကြားရေးမှူး)

          ()    ငါးလုပ်ငန်းဆိုင်ရာဥပဒေများအကြောင်း                                       (ဒေါ်စိုးထက်ထက်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)

          ( ဇ )   ဘဏ္ဍာရေးဆိုင်ရာအကြောင်း                                                                            (ဒေါ်ညိုညိုအေး၊ ညွှန်ကြားရေးမှူး)

          ( ဈ )   ဌာနတွင်းစာရင်းစစ်နှင့် စာရင်းစစ်ကန့်ကွက်ချက်များအကြောင်း                                (ဦးမျိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူး)

          ()    ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်း၊ အချက်အလက်များအကြောင်း                       (ဒေါ်မြင့်မြင့်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး

          ( )    ရေချို/ရေငန် ငါးသယံဇာတဆိုင်ရာအကြောင်း                                      (ဦးဇော်ထွန်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)

          ( ဌ )   ငါးရောဂါဆိုင်ရာအကြောင်း                                                                          (ဒေါ်ရီရီချို၊ လက်ထောက်ညွှန်ကြားရေးမှူး)

          ( ဍ )   မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ)စီမံကိန်းအကြောင်း                                             (ဒေါ်မြမြဆင့်၊ ဒုတိယညွှန်ကြားရေးမှူး)

          ( ဎ )   စီမံရေးရာနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်း                        (ဦးညွန့်ခင်၊ ညွှန်ကြားရေးမှူး)

          (ဏ)   ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်ခြင်းအကြောင်း                                            (ဦးမင်းမင်းစိုး၊ ဒုတိယညွှန်ကြားရေးမှူး) 

          လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(/၂၀၂၆)သို့ တက်ရောက်ခဲ့သည် သင်တန်းသား/ သင်တန်းသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-        

စဉ်

အမည်

ရာထူး

ဌာန

မှတ်ချက်

ဒေါ်ခိုင်ဇာဝင်း

ဒု-လ/ထဦးစီးမှူး

မွေးမြူရေးဌာနခွဲ

ငါးသိပ္ပံ

ဒေါ်ထိပ်ထားလှိုင်

ဒု-လ/ထဦးစီးမှူး

ကြီးကြပ်အခွန်

ငါးသိပ္ပံ

ဦးဇော်မင်းခိုင်

ဒု-လ/ထဦးစီးမှူး

ဖွံ့ဖြိုး/သုတေ

ငါးသိပ္ပံ

ဦးကောင်းထက်လွင်

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

ဦးဇင်လင်းအောင်

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

ဒေါ်နန္ဒာစိုး

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

ဒေါ်နန္ဒာဝင်း

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

ဒေါ်ရတနာရှန်

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

ဒေါ်သင်းပပ

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

၁၀

ဒေါ်သန့်ဇင်ဖြိုး

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

၁၁

ဦးသီဟအောင်

လက်ထောက်နည်းပြ

ငါးသိပ္ပံ (တွံတေး)

ငါးသိပ္ပံ

၁၂

ဒေါ်နန်းဝိုလောဝ်

ဒု-လ/ထဦးစီးမှူး

လင်းခေးခရိုင်

ငါးသိပ္ပံ

၁၃

ဒေါ်လင်းစန္ဒီဦး

ဒု-လ/ထဦးစီးမှူး

နတ်ရေကန်စခန်း

ငါးသိပ္ပံ

၁၄

ဦးဖြိုးသုတ

ဒု-လ/ထဦးစီးမှူး

သာပေါင်းမြို့

ငါးသိပ္ပံ

၁၅

ဦးမင်းခန့်ကျော်

ဒု-လ/ထဦးစီးမှူး

မကွေးမြို့သစ်စခန်း

ငါးသိပ္ပံ

၁၆

ဦးမိုးထက်လျှံနိုင်

ဒု-လ/ထဦးစီးမှူး

ဝါးခယ်မမြို့နယ်

ငါးသိပ္ပံ

၁၇

ဒေါ်သိမ့်စန္ဒီလင်း

ဒု-လ/ထဦးစီးမှူး

ကျောက်ဆည်ခရိုင်

ငါးသိပ္ပံ

၁၈

ဒေါ်နှင်းရွှေစင်

ဒု-လ/ထဦးစီးမှူး

ဖွံ့ဖြိုး/သုတေ

ငါးသိပ္ပံ

၁၉

ဒေါ်ဝင်းလဲ့လဲ့ကျော်

ဒု-လ/ထဦးစီးမှူး

ကြီးကြပ်အခွန်

ငါးသိပ္ပံ

၂၀

ဦးအောင်ဆုပိုင်

လက်ထောက်ဦးစီးမှူး

စီမံရေးရာဌာနစု

နတလ

၂၁

ဒေါ်ချဉ်မေဦး

လက်ထောက်ဦးစီးမှူး

စီမံရေးရာဌာနစု

နတလ

၂၂

ဒေါ်ယမင်းပြည်စိုး

လက်ထောက်ဦးစီးမှူး

စီမံရေးရာဌာနစု

နတလ

၂၃

ဦးဇင်မင်းသူ

ဒု-လ/ထဦးစီးမှူး

ဖွံ့ဖြိုး/သုတေ

အသစ်ခန့်

၂၄

ဒေါ်ဆန်းမီမီထွန်း

ဒု-လ/ထဦးစီးမှူး

ဖွံ့ဖြိုး/သုတေ

အသစ်ခန့်

၂၅

ဦးပြည့်စုံကိုကို

အငယ်တန်းစာရေး

ဘဏ္ဍာရေးဌာနစု

အသစ်ခန့်

၂၆

ဒေါ်မျိုးသီရိအေး

အငယ်တန်းစာရေး

ထပရ(ရုံးချုပ်)

အသစ်ခန့်

၂၇

ဦးအောင်မျိုးခန့်

အငယ်တန်းစာရေး

ဘဏ္ဍာရေးဌာနစု

အသစ်ခန့်

 

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို (၂၄--၂၀၂)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က သင်တန်းဆင်းမိန့်ခွန်းပြောကြား၍ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် သင်တန်းဆင်း လက်မှတ်များအား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ များကိုယ်စား ဦးအောင်ဆုပိုင်၊ လက်ထောက်ဦးစီးမှူးမှ လက်ခံရယူခဲ့ပါသည်။