ဝန်ဆောင်မှုကဏ္ဍ |
|
ဝန်ဆောင်မှုခေါင်းစဉ် | တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့်ရေထွက်ပစ္စည်းများဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ် ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | (က) မြန်မာ့ပင်လယ်ရေပြင်အတွင်းလုပ်ကိုင်နေသည့်် ငါးဖမ်းရေယာဉ်များမှဖမ်းဆီးရမိသည့် ပင်လယ်ရေထွက်ပစ္စည်းများဖြစ်ရမည်။ (ခ) မြန်မာနိုင်ငံမှ ပင်လယ်ရေထွက်ပစ္စည်းများကိုဥရောပနိုင်ငံများသို့ တင်ပို့ခြင်း(သို့)ဥရောပနိုင်ငံများသို့ တဆင့်တင်ပို့မည့်နိုင်ငံများကတောင်းခံပါကထုတ်ပေးမည်ဖြစ်ပါသည်။ |
လိုအပ်သောစာရွက်စာတမ်းများ | ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် - (က) Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ (ခ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration ) (ဂ) ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ (Product Movement Document –PMD) (ဃ) လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မည့်ပြေစာ (င) ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက် (စ) ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement) နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့် တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်- (က) ပြည်တွင်းငါးသယ်လိုင်စင် (ခ) ပြည်ပတင်ပို့ငါးသယ်လိုင်စင် (ဂ) ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice) |
| (ဃ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration ) (င) ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်းမှတ်တမ်း(Transshipped Document) (စ) ဆိပ်ကမ်းခွန်များပေးဆောင်ပြီးကြောင်းထောက်ခံချက်(Port Clearance) (ဆ)ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement) |
ဝန်ဆောင်ခ | အခမဲ့ |
လျှောက်ထားရန်အဆင့်များ | (က) အထောက်အထားစုံလင်ပါကငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့်ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိခရိုင် ငါးလုပ်ငန်းဦးစီးဌာနများသို့ လျှောက်ထားရပါမည်။ |
Fisheries Management Division