အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှုကဏ္ဍ

 

ဝန်ဆောင်မှုခေါင်းစဉ်  

တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့်ရေထွက်ပစ္စည်းများဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ် ပေးခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က) မြန်မာ့ပင်လယ်ရေပြင်အတွင်းလုပ်ကိုင်နေသည့်် ငါးဖမ်းရေယာဉ်များမှဖမ်းဆီးရမိသည့်  ပင်လယ်ရေထွက်ပစ္စည်းများဖြစ်ရမည်။

(ခ)   မြန်မာနိုင်ငံမှ ပင်လယ်ရေထွက်ပစ္စည်းများကိုဥရောပနိုင်ငံများသို့ တင်ပို့ခြင်း(သို့)ဥရောပနိုင်ငံများသို့ တဆင့်တင်ပို့မည့်နိုင်ငံများကတောင်းခံပါကထုတ်ပေးမည်ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် -

(က) Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ

(ခ)   အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration )

(ဂ)   ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ

        (Product Movement Document –PMD)

(ဃ)  လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မည့်ပြေစာ

(င)   ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက်

(စ)   ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement)

နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့် တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်-

(က) ပြည်တွင်းငါးသယ်လိုင်စင်

(ခ)   ပြည်ပတင်ပို့ငါးသယ်လိုင်စင်

(ဂ)   ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice)

 

(ဃ)  အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration )

(င)   ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်းမှတ်တမ်း(Transshipped Document)

 (စ)   ဆိပ်ကမ်းခွန်များ​ပေးဆောင်ပြီးကြောင်းထောက်ခံချက်(Port Clearance)

(ဆ)ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement) 

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

    (က)   အထောက်အထားစုံလင်ပါကငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့်ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိခရိုင် ငါးလုပ်ငန်းဦးစီးဌာနများသို့ လျှောက်ထားရပါမည်။   

ငါးလုပ်ငန်း ကြီးကြပ်ရေးနှင့်အခွန်ဌာနခွဲ