| ဝန်ဆောင်မှုကဏ္ဍ | 
 | 
| ဝန်ဆောင်မှုခေါင်းစဉ်   | တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့်ရေထွက်ပစ္စည်းများဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ် ပေးခြင်း | 
| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | (က) မြန်မာ့ပင်လယ်ရေပြင်အတွင်းလုပ်ကိုင်နေသည့်် ငါးဖမ်းရေယာဉ်များမှဖမ်းဆီးရမိသည့်  ပင်လယ်ရေထွက်ပစ္စည်းများဖြစ်ရမည်။ (ခ)   မြန်မာနိုင်ငံမှ ပင်လယ်ရေထွက်ပစ္စည်းများကိုဥရောပနိုင်ငံများသို့ တင်ပို့ခြင်း(သို့)ဥရောပနိုင်ငံများသို့ တဆင့်တင်ပို့မည့်နိုင်ငံများကတောင်းခံပါကထုတ်ပေးမည်ဖြစ်ပါသည်။ | 
| လိုအပ်သောစာရွက်စာတမ်းများ | ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် - (က) Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ (ခ)   အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration ) (ဂ)   ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ         (Product Movement Document –PMD) (ဃ)  လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မည့်ပြေစာ (င)   ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက် (စ)   ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement) နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့် တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်- (က) ပြည်တွင်းငါးသယ်လိုင်စင် (ခ)   ပြည်ပတင်ပို့ငါးသယ်လိုင်စင် (ဂ)   ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice) | 
| 
 | (ဃ)  အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration ) (င)   ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်းမှတ်တမ်း(Transshipped Document)  (စ)   ဆိပ်ကမ်းခွန်များပေးဆောင်ပြီးကြောင်းထောက်ခံချက်(Port Clearance) (ဆ)ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement)  | 
| ဝန်ဆောင်ခ | အခမဲ့ | 
| လျှောက်ထားရန်အဆင့်များ |     (က)   အထောက်အထားစုံလင်ပါကငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့်ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိခရိုင် ငါးလုပ်ငန်းဦးစီးဌာနများသို့ လျှောက်ထားရပါမည်။    | 
 
 
