ဝန်ဆောင်မှုကဏ္ဍ |
|
ဝန်ဆောင်မှုခေါင်းစဉ် | ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ | (က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ပေးသည့် ကမ်းနီးရေယာဉ်မှတ်ပုံတင်ရှိရမည်။ (ခ) ရေယာဉ်ပိုင်ရှင်သည် မြန်မာနိုင်ငံသားဖြစ်ရမည်။ (ဂ) လျှောက်ထားသည့်မြို့နယ်အတွင်းရှိကမ်းနီးရေပြင်၌သာလုပ်ကိုင်ရမည်။ |
လိုအပ်သောစာရွက်စာတမ်းများ | (က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် ကမ်းနီးရေယာဉ်မှတ်ပုံတင် (ခ) ရေယာဉ်ပိုင်ရှင်၏နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် အိမ်ထောင်စုစာရင်း (ဂ) ရေယာဉ်၏ဘေးဓာတ်ပုံနှင့် အင်ဂျင်ဓာတ်ပုံ(၄)ပုံ
|
ဝန်ဆောင်ခ | အခမဲ့ |
လျှောက်ထားရန်အဆင့်များ | (က) ခရိုင်/ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနများတွင် လျှောက်ထားရ ပါမည်။ (ခ) ကမ်းနီးငါးဖမ်းလုပ်ငန်းအတွက် သတ်မှတ်လိုင်စင်ခ များကို ပေးဆောင်ရမည်။ |
ငါးလုပ်ငန်း ကြီးကြပ်ရေးနှင့်အခွန်ဌာနခွဲ