ရည်ရွယ်ချက်
၁။ ငါးလုပ်ငန်းစဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်း များဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ငါးလုပ်ငန်း စီမံခန့်ခွဲမှု များကို အထောက်အကူပြုရေး တို့ဖြစ်ပါသည်။
ရေချို/ရေငန်ငါးသယံဇာတထိန်းသိမ်းရေးဌာနစုလုပ်ငန်းဆောင်ရွက်ချက်များ
၂။ ရေချို/ရေငန်ငါးသယံဇာတထိန်းသိမ်းရေးဌာနစုသည်အောက်ပါအတိုင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်-
(က) ရေချိုကုန်းတွင်းဒေသရှိ မြစ်ချောင်းအင်းအိုင်များတွင် ရေချိုငါး သယံဇာတများ တည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုများကို တိုင်းတာခြင်း၊ ရာသီဥတုအလိုက် ပေါကြွယ်မှု ကို ဒေသအလိုက် ခွဲခြားမှတ်တမ်းပြုစုခြင်း။
(ခ) မြန်မာပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျောက် ရေပြင်များတွင် ငါးလုပ်ငန်း သယံဇာတတည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုကို တိုင်းတာခြင်း၊ ရာသီဥတုအလိုက် ပေါကြွယ်မှုကို ဒေသအလိုက် ခွဲခြားမှတ်တမ်းပြုစုခြင်း၊ အကဲဖြတ်ခြင်း။
(ဂ) ရေချိုရေငန်ငါးများနှင့် ရေသတ္တဝါများကို သတ္တဗေဒအမည်ပေးစနစ် နှင့်အညီ မျိုးခွဲခြားခြင်း၊ နမူနာကောင်များကို ထိန်းသိမ်းခြင်း။
(ဃ) ငါးများမျိုးပွားသားပေါက်ခြင်း နှင့် သားပေါက်ပြုစုသော သဘာဝနေရာများကို ဖော်ထုတ်၍ အကာအကွယ်ပေးခြင်း ၊ ပညာပေးခြင်း။
Dr.Fridtjof Nansenသုတေသနရေယာဉ်ဖြင့် ငါးသယံဇာတသုတေသန ဆောင်ရွက် ခဲ့မှုများ ၃။ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတကြည့်ရှုမှုအား ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလမှ နို၀င်ဘာလအထိ (၁) ကြိမ်၊ ၁၉၈၀ ခုနှစ်၊ မတ်လမှ ဧပြီလအထိ (၁)ကြိမ်၊ ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလ (၁၃) ရက်မှ ဒီဇင်ဘာလ (၁၉) ရက်နေ့ထိ(၁) ကြိမ် ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၅)ရက်မှ ဇွန်လ (၁၈) ရက်နေ့ထိ (၁)ကြိမ်၊ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်မှ စက်တင်ဘာလ (၂၉) ရက်နေ့ထိ (၁)ကြိမ်၊ စုစုပေါင်း(၅)ကြိမ်မြန်မာ့ပင်လယ်ပြင်တွင် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။၂၀၂၄-၂၀၂၅ခုနှစ် ကမ်းနီးရေပြင်အတွင်း သုတေသနပြုရန် ကျန်ရှိနေသည့် အတွက် တနင်္သာရီကမ်းရိုးတန်းရှိရေအနက်မီတာ(၂၀)အတွင်း ငါးသယံဇာတ တည်ရှိမှုနှင့် ငါးသားပေါက် ရာသီအား လေ့လာရန် ဌာနမှ တနင်္သာရီငါးလုပ်ငန်း အဖွဲ့ချုပ် (TRFF) နှင့် ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးဌာနသို့တင်ပြထားရှိပါသည်။