ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်အစီအစဉ်
မျှော်မှန်းချက် (Vision)
ငါးလုပ်ငန်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ငါးရိက္ခာလုံလောက်စွာ ဖြည့်ဆည်းရေး၊ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ဖြစ်ပေါ်ရေးနှင့် ငါးလုပ်ငန်းမှ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိရေးကို တည်မြဲစွာဆောင်ရွက်နိုင် ရေးအတွက် ရေရှည်တည်တံ့သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုများကို အထောက်အကူပြုရန် ဆောင်ရွက်ခြင်း။
ဆောင်ရွက်ချက် (Mission)
ရည်မှန်းချက်ကိုဖေါ်ဆောင်ရန် ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများကို အောက်ပါ ကဏ္ဍများအလိုက် တိုးမြှင့်ဆောင်ရွက်ခြင်း -
(၁) | ရေငန်ငါးသယံဇာတတည်ရှိမှုနှင့် ဖမ်းဆီးထုတ်လုပ်မှု အခြေအနေများကို တိုင်း တာခြင်း။ |
(၂) | ရေချိုကုန်းတွင်းပိုင်း ငါးလုပ်ငန်းသယံဇာတတည်ရှိမှုနှင့် ဖမ်းဆီးထုတ်လုပ်မှု အခြေအနေများကို တိုင်းတာခြင်း။ |
(၃) | ရေချိုရေငန် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေး အတွက် မွေးမြူနည်းစနစ်၊ အစာထုတ်လုပ်မှု၊ မျိုးစိတ်ရွေးချယ်မှု စသည်များကို ဆောင် ရွက်ခြင်း။ |
(၄) | ငါးသယံဇာတများ တိုးပွားလာစေရန် မျိုးစိုက်ထည့်ခြင်း၊ တိုးတက် ဆောင်ရွက် နိုင်ရေးအတွက် သဘာဝငါးများကို သားဖေါက်နည်းစနစ်များ သုတေသနပြု ဖေါ် ထုတ်ခြင်း။ |
(၅) | ငါးများ မျိုးပွားသားပေါက်ခြင်းနှင့် သားပေါက်ပြုစုသော သဘာဝနေရာ များကို ဖေါ်ထုတ် အကာအကွယ်ပေးခြင်း။ |
(၆) | ရေရှည်ငါးလုပ်ငန်း တည်ရှိခြင်းနှင့်အတူ ငါးလုပ်ငန်းအမှီပြု အသက်မွေးဝမ်း ကြောင်းမှုများ ရေရှည်ဖြစ်ပေါ်ရေးအတွက် တာဝန်သိစည်းကမ်းရှိစွာ ငါးလုပ် ငန်း ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက် ခြင်း။ |
(၇) | မျိုးသုဉ်းရှားပါးရေသတ္တဝါများနှင့် ရှားပါးလာသော ငါးမျိုးစိတ်များကိုဖေါ်ထုတ် ခြင်း၊ မျိုးပျောက်ကွယ်ခြင်း မရှိစေရန် အကာအကွယ်ပေး စောင့်ရှောက်ခြင်း။ |
(၈) | ဖမ်းဆီးထိမိရရှိသော ငါးများကို စနစ်တကျ သန့်ရှင်းစွာ ကိုင်တွယ်ခြင်း၊ သို လှောင်ခြင်း၊ စီမံပြုပြင်နည်းလမ်းများ သင်ကြားပေးခြင်းဖြင့် ရေလုပ်သားများ ပိုမိုထိရောက်စွာ အကျိုးခံစားခွင့်ရရှိစေခြင်း။ |
(၉) | တန်ဘိုးနည်းငါးများ ငါးနုတ်ငါးဖွဲများကို တန်ဘိုးမြှင့်စီမံပြုပြင် နည်းလမ်းများ သင်ကြားပို့ချပေးခြင်းဖြင့် ကျေးလက်ရေလုပ်သားများ ဝင်ငွေတိုးတက် ရရှိစေ ခြင်း။ |
(၁၀) | ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေခံဘာသာရပ်များ ကို ပညာပေးလေ့ကျင့် သင်ကြားပေးရေး။ |
(၁၁) | အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများကို အနီး ကပ် ဆက်သွယ်သိရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဖေါ်ဆောင်နိုင် ရန် အစပျိုး ဆောင်ရွက်ခြင်း။ |
(၁၂) | ငါးလုပ်ငန်းဆိုင်ရာကဏ္ဍများ ဆက်သွယ်ဆောင်ရွက်နိုင်ရန် Information Technology (Computer & Internet Access) စနစ်တွင် ပါဝင် ဆောင်ရွက်ခြင်း နှင့် ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ သိရှိလေ့လာနိုင်ရေးအတွက် စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်း။ |
တာဝန်ဝတ္တရားများ (Duty & Function)
အထက်ပါလုပ်ငန်းဆောင်ရွက်မှုများကို အကောင်အထည်ဖေါ်ရန် ဖွံ့ဖြိုးရေးနှင့် သုတေ သန ဌာနခွဲရုံးအောက်တွင် အောက်ပါအတိုင်း ဌာနစုများ ဖွဲ့စည်းထားပါသည် -
(၁) | လက်ရှိဖွဲ့စည်းဆောင်ရွက်လျှက်ရှိသော ဌာနစုများ | ||
| (က) | ရေချိုရေငန်ငါးသယံဇာတ ထိန်းသိမ်းရေးဌာနစု | |
| (ခ) | ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါရေသတ္တဝါများထိန်းသိမ်းရေးဌာနစု | |
| (ဂ) | နိုင်ငံတကာဆက်ဆံရေးနှင့်စီမံကိန်းလုပ်ငန်းများဌာနစု | |
| (ဃ) | သင်တန်းကျောင်းများ ကြီးကြပ်ကွပ်ကဲရေးဌာနစု | |
|
| (၁.၁) | ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) |
|
| (၁.၂) | ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း) |
| (င) | ကွန်ပျူတာနှင့်စာကြည့်တိုက် | |
|
| ||
(၂) | ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ရန်လျာထားသော အစီအစဉ် | ||
| (က) | ရေငန်ငါးလုပ်ငန်းနှင့် သယံဇာတများ ထိန်းသိမ်းရေးဌာနစု | |
| (ခ) | ရေချိုငါးလုပ်ငန်းနှင့် သယံဇာတများ ထိန်းသိမ်းရေးဌာနစု | |
| (ဂ) | ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနစု | |
| (ဃ) | ငါးလုပ်ငန်းဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရာသီဥတု သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုဆိုင်ရာ ဆက်စပ်လေ့လာသော ဌာနစု | |
| (င) | ငါးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကြောင်းဆိုင်ရာဌာနစု |
ဌာနစုများအလိုက်အကောင်အထည်ဖော်မှုအခြေအနေ (Performance)
(၁) | ရေချိုရေငန်ငါးသယံဇာတထိန်းသိမ်းရေးဌာနစု | ||
| (က) | ရေချိုကုန်းတွင်းဒေသရှိ မြစ်ချောင်းအင်းအိုင်များတွင် ရေချိုငါး သယံဇာတ များ တည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုများကို တိုင်းတာခြင်း၊ ရာသီဥတုအလိုက် ပေါကြွယ်မှုကို ဒေသအလိုက် ခွဲခြားမှတ်တမ်း ပြုစု ခြင်း | |
| (ခ) | မြန်မာပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျောက် ရေပြင်များတွင် ငါးလုပ်ငန်း သယံဇာတတည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုကို တိုင်းတာခြင်း၊ ရာသီဥတု အလိုက်ပေါကြွယ်မှုကို ဒေသအလိုက် ခွဲခြားမှတ်တမ်း ပြုစု ခြင်း | |
| (ဂ) | ရေချိုရေငန်ငါးများနှင့် ရေသတ္တဝါများကို သတ္တဗေဒ အမည်ပေးစနစ်နှင့် အညီ မျိုးခွဲခြားခြင်း၊ နမူနာကောင်များကို ထိန်းသိမ်းခြင်း | |
|
| ||
(၂) | ပတ်ဝန်းကျင်နှင့်မျိုးသုဉ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစု | ||
| (က) | မြန်မာနိုင်ငံ၏ရေပြင်တွင် သက်ရှင်ကြီးထွား မျိုးပွားလျက်ရှိပြီး သတ္တ လောကတွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်သော ရေသတ္တဝါများနှင့် အခြားရှားပါးသောရေသတ္တဝါများ (ဥပမာ - ဧရာဝတီလင်းပိုင်၊ ရေဝက်) စသော ရေသတ္တဝါများ မျိုးသုဉ်းပျက်စီးမှုမရှိစေရေးကို ငါးလုပ်ငန်းဥပဒေ ဖြင့် ထိရောက်စွာ အကာအကွယ်ပေးခြင်း၊ | |
| (ခ) | မျိုးသုဉ်းရှားပါးရေသတ္တဝါများကို နိုင်ငံတော်၏ တန်ဘိုးရှိ သက်ရှိ သယံ ဇာတများအဖြစ် သတ်မှတ်ပြီး ထိုသတ္တဝါများ ရေရှည်သက်ရှင် ကြီးထွား မျိုးပွားနိုင်ရေးအတွက် ဘေးမဲ့နေရာများ သတ်မှတ်ခြင်း၊ မတော်တဆ ဖမ်းဆီးထိမိခြင်းမှ အကာအကွယ်ပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ | |
| (ဂ) | ဖမ်းဆီးသုံးစွဲမှုများပြားလာခြင်းကြောင့်သော် လည်းကောင်း၊ ဂေဟ စနစ် ပျက်စီး၍သော်လည်းကောင်း၊ ရေသတ္တဝါများ သက်ရှင်ကြီးထွား မျိုးပွားမှု ကွင်းဆက်တွင် နေရာရရှိမှု အားနည်းလာခြင်းကြောင့် ၄င်း ရှားပါးစပြုလာ သော ငါးမန်း၊ ပင်လယ်လိပ်စသည်များ ဖမ်းဆီးအသုံး ချခြင်း၊ ရေသတ္တဝါ များ၏ ဂေဟစနစ်ကို ပျက်စီးခြင်းနှင့် နေရာရွေ့ ပြောင်းသွားလာခြင်း လမ်းကြောင်းများကို တားဆီးခြင်း မပြုလုပ်ရန် အနီးကပ်ကြပ်မတ်ခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ | |
|
| ||
(၃) | နိုင်ငံတကာဆက်ဆံရေးနှင့် စီမံကိန်းလုပ်ငန်းများဌာနစု | ||
| (က) | နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အခြားနိုင်ငံများ မှ ဆက်သွယ်ဖိတ်ကြားလာသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာတော်သင်နှင့် ပြပွဲကိစ္စရပ်များတွင် ငါးလုပ်ငန်း ဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်နိုင်ရေး အတွက် ရုံး လုပ်ငန်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊ | |
| (ခ) | စီမံကိန်းတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဌာနခွဲ၊ ဌာနစုများ၏ ရုံး လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ | |
| (ဂ) | ပြည်ပသွားရောက်ခဲ့သည့် အရာထမ်း၊ အမှုထမ်းများ၏ အစီရင်ခံစာ များ အား စုစည်းမှတ်တမ်းထားရှိခြင်း၊ | |
|
|
|
|
(၄) | ငါးလုပ်ငန်းသင်တန်းကျောင်းများ ကြီးကြပ်ကွပ်ကဲရေးဌာနစု | ||
| (က) | ငါးလုပ်ငန်းဦးစီးဌာနမှ ထူထောင်ထားသော ကြို့ကုန်း၊ ငါးလုပ်ငန်း အတတ် သင် သိပ္ပံ ၊ စစ်ကိုင်းငါးလုပ်ငန်း သင်တန်းကျောင်းနှင့် ဖျာပုံ ငါးလုပ်ငန်း သင်တန်းကျောင်းများကို အောက်ပါဘာသာရပ်များ ပုံမှန် စုစည်းပို့ချရန် ဆောင်ရွက်လျက်ရှိပါသည် - | |
|
| (က.၁) | ပင်လယ်ကမ်းဝေးငါးဖမ်းရေယာဉ် လုပ်သားသင်တန်း |
|
| (က.၂) | ရေလမ်းထိန်းသိမ်းရေးနှင့် ရေကြောင်း ပြဘာသာရပ် |
|
| (က.၃) | ငါးဖမ်းကရိယာနှင့် ငါးဖမ်းပိုက်ပြုပြင်ခြင်းဘာသာရပ် |
|
| (က.၄) | ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဘာသာရပ် |
|
| (က.၅) | ဖမ်းဆီးရမိသောငါးများကို စနစ်တကျကိုင်တွယ်သိုလှောင်ခြင်း ဘာသာရပ် |
|
| (က.၆) | ငါး၊ ပုစွန် စီမံပြုပြင်ခြင်းဘာသာရပ် |
|
| (က.၇) | စားသုံးသူဘေးအန္တရာယ်ကင်းစေရန် ငါး၊ပုစွန်စီမံပြုပြင်ခြင်း ဘာသာရပ် |
|
| (က.၈) | ပြည်ပပို့ကုန် အရည်အသွေး စံချိန်စံညွှန်းထိန်းသိမ်းခြင်းဘာသာ ရပ် |
|
| (က.၉) | ငါး၊ပုစွန် စီမံပြုပြင်သောအလုပ်ရုံ၊ စက်ရုံများအတွက် လုပ်ငန်းခွင် ကျင့်စဉ်များနှင့် ထုတ်လုပ်မှုအရည်အသွေးမြှင့်သင်တန်းများ |
|
| (က.၁၀) | ငါး/ပုစွန် မွေးမြူရေးဘာသာရပ် |
|
| (က.၁၁) | ငါးလုပ်ငန်းစီမံခန့်ခွဲခြင်းဘာသာရပ် |
|
|
|
|
(၅) | ကွန်ပျူတာနှင့်စာကြည့်တိုက်ဌာနစု | ||
| (က) | ငါးလုပ်ငန်းဦးစီးဌာန၏ ကွန်ပျူတာ၊ သတင်းနှင့် ဆက်သွယ်ရေးဌာန အဖြစ် တာဝန်ယူခြင်း | |
| (ခ) | ဌာနသို့ ဝင်ရောက်လာသော Email များဌာနနှင့် ဆက်စပ်သော “Internet Website” များမှ သတင်းအချက်အလက်များ စုဆောင်းခြင်း | |
| (ဂ) | E-government ကျင့်စဉ်နှင့်အညီ ဌာန၏ Internet သတင်းကွန်ယက် ကို ကြပ်မတ်ခြင်း၊ ထိန်းသိမ်းခြင်း |