အဓိကအကြောင်းအရာသို့ သွားမည်
x
ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဌာနစိတ်

၁။

ရည်ရွယ်ချက်

ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဌာနစုသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ဌာနတွင်းမှ ဝန်ထမ်းများအား အရည်အချင်း ပြည့်ဝစေရန်အတွက် သင်တန်းမျိုးစုံပေးပြီး လေ့ကျင့်ပျိုးထောင်ပေးရန်၊ ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် (Sustainable Fishery) ငါးလုပ်ငန်းဆိုင်ရာ အခန်း ကဏ္ဍအလိုက် စီမံခန့်ခွဲမှုများအား စနစ်တကျဖြစ်စေရန်၊ ငါးလုပ်ငန်းရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးသယံဇာတများ ထိန်းသိမ်းရေးအတွက် ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူနိုင်ရေးအတွက်၊ ဒေသတွင်းအဖွဲ့အစည်းများ၊ စီမံကိန်း များ၊ ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်  ငါး/ ပုစွန် မွေးမြူခြင်း အတတ်ပညာများကို စနစ်တကျ တတ်မြောက်စေပြီး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAqP) နှင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) များ ဖြစ်လာ စေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေသယံဇာတများကို ထုတ်လုပ် ဆောင်ရွက်တတ်စေရန်၊ ရေလုပ်သားများနှင့် ပြည်သူလူထုအား ပညာပေးသင်တန်းများ ဖွင့်လှစ်၍ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်ပါသည်။

၂။

ငါးလုပ်ငန်းသင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းအကြောင်း

ငါးလုပ်ငန်းသင်တန်းကျောင်းများအား ငါးလုပ်ငန်းရေရှည်တည်တံ့ စေရေးအတွက် သဘာဝ သယံဇာတပေါကြွယ်ဝသော မြန်မာ့ပင်လယ်ရေပြင်၌ ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြသော ရေလုပ်သားများအား ကမ္ဘာအဆင့်မှီခေတ်မှီနည်းစနစ်ကျသော ငါးလုပ်ငန်း ဆိုင်ရာ ပညာရပ်များ တတ်မြောက်စေရေးအတွက် လေ့ကျင့်ပညာပေးရန်၊ ပညာပေး လေ့ကျင့်တတ်မြောက်မှုကြောင့် မြန်မာ့ပင်လယ် ငါး/ပုစွန်ထုတ်လုပ်မှု တိုးတက်လာစေရန်၊ ငါး/ ပုစွန် ထွက်ကုန်များ အရည်အသွေး ပြည့်မီစွာ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်၊ ရေလုပ် သားများ၏ လူနေမှုဘဝ မြှင့်တင်ပေးရန်၊ ငါး/ပုစွန်ထုတ်လုပ် မှုပမာဏနှင့် အရည်အသွေး တိုးတက်မှုကြောင့် ပြည်တွင်းစားသုံးမှု ပိုမိုဖူလုံသည့်အပြင် ပြည်ပစျေးကွက်သို့ ပိုမိုတင်ပို့ ရောင်းချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးကို တဖက်တလမ်းမှ အထောက်အကူပြုနိုင် ရန်၊ ပိုမိုစနစ်ကျသော ငါးလုပ်ငန်းကြီးကြပ် ကွပ်ကဲစီမံထိန်းသိမ်းနိုင်မှုကို သွယ်ဝိုက်သော နည်း အားဖြင့် အထောက်အကူပြုနိုင်ရန်၊ ရေလုပ်သားများ၏ လူနေမှုဘဝ မြှင့်တင်ပေးရန်၊ ငါး/ပုစွန် ထုတ်လုပ်မှု ပမာဏနှင့် အရည်အသွေး တိုးတက်လာမှုကြောင့်   ပြည်တွင်းစားသုံးမှု ပိုမိုဖူလုံစေရန်အတွက် အောက်ပါ ငါးလုပ်ငန်းသင်တန်းကျောင်း (၆)ကျောင်းအား ဖွင့်လှစ်ခဲ့ပါသည် -

 

(က)

ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

 

(ခ)

ငါးလုပ်ငန်းသင်တန်းကျောင်း(ကြို့ကုန်း)၊ ၁၉၈၃ ခုနှစ်၊ မေလ(၂၅) ရက်

 

(ဂ)

ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း)၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်

 

(ဃ)

ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်

 

(င)

ငါးလုပ်ငန်းသင်တန်းကျောင်း (သထုံ)၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက်

 

(စ)

ငါးလုပ်ငန်းသင်တန်းကျောင်း (ပဲခူး)၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်

 

ငါးလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင် ရေး သင်တန်းတို့ကို ငါးလုပ်ငန်း သင်တန်းကျောင်းများမှတစ်ဆင့် သင်တန်းဖွင့်လှစ်ပို့ချ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃−၂၀၂၄ ခုနှစ်တွင် ငါးလုပ်ငန်းနှင့်သက်ဆိုင်သည့် သင်တန်း (၂၂) ခု ကို အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းများမှာ - အခြေခံ ငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်သင်တန်း၊ ကောင်းမွန်သောရေသတ္တဝါ မွေးမြူ ရေးကျင့်စဉ်(GAqP) သင်တန်း၊ ပင်လယ် ငါးဖမ်းရေလုပ်သားများ အတွက်အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း၊ ငါးပုစွန်ရေထွက် ပစ္စည်း များ ပြုပြင်ထုတ်လုပ်ရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးသင်တန်း၊ ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်ရေး (အခြေခံ၊ အလတ်အလတ်) သင်တန်း၊ ငါးမျိုးစိတ်များခွဲခြား အမည်ပေးနည်းသင်တန်း၊ အခြေခံငါးဖမ်းကိရိယာနှင့် ငါးဖမ်းနည်းစနစ်များဆိုင်ရာသင်တန်း၊ အရာထမ်းများ စွမ်းဆောင် ရည် မြှင့်တင်ရေးသင်တန်း၊ အမှုထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း၊ အခြေခံ အင်္ဂလိပ်စာသင်တန်း၊ အခြေခံကွန်ပြူတာသင်တန်း၊ ငါးလုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း၊ ရေလုပ်သားများအသိပညာပေးဟောပြောပွဲ၊ ငါးသံဇာတထိန်းသိမ်းရေးသင်တန်း၊ မြစိမ်းရောင် စီမံကိန်း (ငါးကဏ္ဍ)သင်တန်း၊ အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးရေးစည်းမျဉ်း စည်းကမ်းများဆိုင်ရာသင်တန်း၊ ငါးလုပ်ငန်းဆိုင်ရာပဒေနှင့် ငါးသယံ ဇာတထိန်းသိမ်းရေးဆိုင်ရာ သင်တန်း၊ အယ်နီညိုရာသီဥတုနှင့် ပတ်သက်၍ ပညာပေး ဟောပြောပွဲ၊ အစားအသောက်များ ပြုပြင်ထုတ်လုပ်ရာတွင် လိုက်နာရမည့်စနစ်များနှင့် ပတ်သက်သည့် အသိပညာပေး‌ဟောပြောပွဲ၊ လိပ်မျိုးထိန်းသိမ်းရေးအသိပညာပေး ဟောပြော ပွဲ၊ ငါးပုစွန်သားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ ဆရာဖြစ် သင်တန်း၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ (၃) နှစ် သင်တန်း (ပထမနှစ် နှင့် ဒုတိနှစ်)သင်တန်းများ၊   စုစုပေါင်းသင်တန်း အကြိမ် (၃၆၃) ကြိမ်၊ သင်တန်းသား စုစုပေါင်း (၁၀၄၉၂) ဦး တို့ကို အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါသည်။

ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဌာနစုသည်   ငါးလုပ်ငန်းသင်တန်းကျောင်းများတွင် (၂၀၂၄−၂၀၂၅) ဘဏ္ဍာနှစ်၌ အောက်ပါသင်တန်းများကို ဖွင့်လှစ်ပို့ချ သွားရန် အစီအစဉ်များ ချမှတ်ထားရှိပါသည် -

 

(က)

အရာထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း

 

(ခ)

အမှုထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း

 

(ဂ)

အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်သင်တန်း

 

(ဃ)

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်း

 

(င)

ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင့်ကျွမ်းကျင်မှု သင်တန်း

 

(စ)

ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်းသင်တန်း

 

(ဆ)

အခြေခံငါးဖမ်းကိရိယာနှင့် ငါးဖမ်းနည်းစနစ်များဆိုင်ရာသင်တန်း 

 

(ဇ)

VMS Software ကို အသုံးပြု၍ ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေး အဆင့်မြင့်သင်တန်း

 

(ဈ)

ရေနေသတ္တဝါများကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေးသင်တန်း

 

(ည)

တည်နေရာဆိုင်ရာ သတင်းအချက်အလက် (GIS/RS) အသုံးပြုနည်းသင်တန်း

 

(ဋ)

eACDS အသုံးပြုခြင်းဆိုင်ရာ သင်တန်း

 

(ဌ)

ငါးပုစွန်ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေး သင်တန်း

 

(ဍ)

ငါးသယံဇာတထိန်းသိမ်းရေးသင်တန်း

 

(ဎ)

ငါးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေသင်တန်း

 

(ဏ)

အခြေခံအင်္ဂလိပ်စာသင်တန်း

 

(တ)

အခြေခံကွန်ပျူတာသင်တန်း

 

(ထ)

မြစိမ်းရောင်စီမံကိန်း (ငါးကဏ္ဍ) သင်တန်း  

(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းများ

စဉ်

သင်တန်းအမျိုးအစား

၂၀၂၃-၂၀၂၄

မှတ်ချက်

ကြိမ်

ဦးရေ

အခြေခံငါးမွေးမြူရေးနှင့်ငါးဆေးထိုး သားဖောက်သင်တန်း

၁၂၃

၃၃၉၂

ကောင်စီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ 

   မကွေး၊ တနင်္သာရီ)

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ 

သင်တန်းကျောင်း(စစ်ကိုင်း၊ ဖျာပုံ၊ သထုံ၊ ပဲခူး)

ကောင်းမွန်သောရေသတ္တဝါမွေးမြူ ရေးကျင့်စဉ်(GAqP)သင်တန်း

၁၀၇

၂၈၄၆

- ကောင်စီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ 

   မကွေး၊ မန္တလေး၊ တနင်္သာရီ၊

- ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ရှမ်း၊ 

- သင်တန်းကျောင်း(စစ်ကိုင်း၊ ဖျာပုံ၊ သထုံ၊ 

   ပဲခူး)

ပင်လယ်ငါးဖမ်းရေလုပ်သားများ အတွက်အခြေခံလုပ်ငန်းခွင်ကျွမ်း ကျင်မှုသင်တန်း

၃၄

၁၀၄၇

- ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ရခိုင်

- သင်တန်းကျောင်း(ကြို့ကုန်း၊ ဖျာပုံ)

ငါး/ပုစွန်ရေထွက်ပစ္စည်းများပြုပြင် ထုတ်လုပ်ခြင်းနှင့်အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာသင်တန်း

၁၅၆

- စစ်ကိုင်း

- သင်တန်းကျောင်း(ကြို့ကုန်း၊စစ်ကိုင်း၊

   ပဲခူး)

ရေထွက်ပစ္စည်းများဘေးအန္တရာယ် ကင်းစွာထုတ်လုပ်နိုင်ရေး( အခြေခံ၊ 

အလတ်အလတ်) သင်တန်း

၁၈၀

- ပဲခူး

- သင်တန်းကျောင်း(ပဲခူး)

ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်း သင်တန်း

၇၇

- သင်တန်းကျောင်း(ကြို့ကုန်း၊ ပဲခူး)

အခြေခံငါးဖမ်းကိရိယာနှင့်ငါးဖမ်း နည်းစနစ်များဆိုင်ရာသင်တန်း

၃၈

 - သင်တန်းကျောင်း(ကြို့ကုန်း)

အရာထမ်းများစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်း

၅၆

- နေပြည်တော်ရုံးချုပ်

 

အမှုထမ်းများစွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်း

၁၆၄

- မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ မွန်၊ ရှမ်း

- သင်တန်းကျောင်း(စစ်ကိုင်း၊ ဖျာပုံ၊ ပဲခူး)

၁၀

အခြေခံအင်္ဂလိပ်စာသင်တန်း

၂၈၃

- ရုံးချုပ်

- သင်တန်းကျောင်း(ကြို့ကုန်း၊ စစ်ကိုင်း)

၁၁

အခြေခံကွန်ပြူတာသင်တန်း

၅၉

- မန္တလေး

- သင်တန်းကျောင်း(ကြို့ကုန်း၊ စစ်ကိုင်း)

၁၂

ငါးလုပ်ငန်းဆိုင်ရာပညာပေးသင်တန်း

၂၀

- စစ်ကိုင်း

၁၃

ရေလုပ်သားများအသိပညာပေး   သင်တန်း

၂၁

၅၅၂

- တနင်္သာရီ

 

၁၄

ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်း

၃၆

၁၂၁၈

- စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ

- သင်တန်းကျောင်း(စစ်ကိုင်း၊ ဖျာပုံ)

၁၅

မြစိမ်းရောင်(ငါးကဏ္ဍ)ဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲနှင့်သင်တန်း

၃၃

- သင်တန်းကျောင်း(ပဲခူး)

၁၆

အစားအစာများ ဘေးအန္တရာယ် ကင်း ရှင်းစေရေးအတွက်စစ်ဆေးရေးစည်း မျဉ်းစည်းကမ်းများဆိုင်ရာသင်တန်း

၂၇

- သင်တန်းကျောင်း(ကြို့ကုန်း)

၁၇

ငါးလုပ်ငန်းဆိုင်ရာဉပဒေနှင့်ငါးသယံ ဇာတထိန်းသိမ်းရေးဆိုင်ရာသင်တန်း

၅၁

- ပဲခူး၊ ကချင်

 

၁၈

အယ်နီညိုနှင့်ပတ်သက်၍ပညာ ပေးဟောပြောပွဲ

၂၅

- ကယား

၁၉

အစားအသောက်များပြုပြင်ထုတ် လုပ်ရာတွင်လိုက်နာရမည့်စနစ်များ နှင့်ပတ်သက်သည့်အသိပညာပေး‌ဟောပြောပွဲ

၃၉

- ကချင်

၂၀

လိပ်မျိုးထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲ

၁၁၀

- တနင်္သာရီ

 

၂၁

ငါးပုစွန်သားဖောက်ခြင်းနှင့်အသားတိုး မွေးမြူခြင်းနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ ဆရာဖြစ်သင်တန်း

 - သင်တန်းကျောင်း(ကြို့ကုန်း)

၂၂

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ(၃)နှစ်သင်တန်း(ပထမနှစ် နှင့် ဒုတိနှစ်)

၁၁၆

- ငါးသိပ္ပံ(တွံတေး)

 

စုစုပေါင်း

၃၆၃

၁၀၄၉၂