အဓိကအကြောင်းအရာသို့ သွားမည်
x
အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာဓာတ်ခွဲခန်းများဌာနစိတ်(သာကေတ)

ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ

အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာဓာတ်ခွဲခန်းများဌာနစိတ်(သာကေတ)

 

ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲ ခန်း များဌာနစိတ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ၎င်းကို ၁၉၈၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါ သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကွင်းဆင်းတိုင်းတာမှုအရ မြေနေရာ အကျယ်အဝန်းမှာ (၁၂.၅၂၁ဧကခန့် ရှိပါသည်။ 

အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာနစိတ်(သာကေတ)တွင် အလျား ၁၅၀အနံ ၁၆' x  အမြင့် ၂၅ရှိသော နှစ်ထပ်ကွန်ကရစ် အဆောက်အဦ၊ ကျောက်ပြားမိုး (ဓာတ်ခွဲခန်း)၊ အလျား ၅၅x အနံ၁၅ x အမြင့် ၁၀ ရှိသော တစ်ထပ်ကွန်ကရစ် အဆောက်အဦ၊ ရိုးရိုးသွပ်ပြားမိုး (ရုံးခန်း)၊ အလျား ၁၂၅x အနံ၂၆ x အမြင့် ၁၅ ရှိသော တစ်ထပ်ကွန်ကရစ်အဆောက်အဦ၊ သွပ်ပြားမိုး (အလူဇင့်)(ဓာတ်ခွဲခန်း)၊ (ပေ၈၀ x ၄၀ x ၁၂) + (ပေ၂၀ x ၁၅ x ၁၂) ရှိသော ISO/IEC 17025 နှင့်အညီ ဆောက်လုပ်ထားသော အဏုဇီဝဓာတ်ခွဲခန်း စုစုပေါင်း ဓာတ်ခွဲခန်း (၃) ခု နှင့် ရုံးခန်း (၁)ခု ဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်။

 (၁၉၈၅) ခုနှစ်မှ စတင်ပြီး ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများကို UK (ODA) အကူ အညီ ဖြင့် စတင်လည်ပတ်ခဲ့ပြီး ပထမဦးစွာ Microbiological Lab ဖြင့် ဓာတ်ခွဲ စစ်ဆေးမှုများအား စတင်လုပ်ဆောင်ခဲ့ပါသည်။ ၁၈-၅-၁၉၉၉ ခုနှစ်၊ သာကေတမြို့နယ် တွင် JICA Project ဖြင့် ဆောက်လုပ်ထားပြီးဖြစ်သော ဓာတ်ခွဲခန်းသို့ ပြောင်းရွှေခဲ့ပြီး နောက် Chemical Lab ကို တိုးချဲ့ စစ်ဆေးနိုင်ခဲ့ပါသည်။

ISO/ IEC 17025: 2017 နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကို ၂၀၀၉ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် စတင်ရရှိခဲ့ပါသည်။ ထို့ပြင် မိမိတို့ဓာတ်ခွဲခန်းသည် မြန်မာနိုင်ငံတွင် ပထမဦးစွာ ISO/IEC 17025: 2017 Accredited Certificate ရရှိထားသော ဓာတ်ခွဲခန်းလည်း ဖြစ်သည်နှင့်အညီ အောက်ပါ အဖွဲ့ (၅) ဖွဲ့ဖြင့် ဖွဲ့စည်း ထားပြီး ISO ISO/ IEC 17025: 2017 စနစ်အတိုင်း လိုက်နာကျင့်သုံး၍ ဆောင်ရွက်လျက်ရှိပါသည်။

(၁)

Quality Management Representative (QMR)

(၂)

Administrative Department (ADM)

(၃)

Document Control Center (DCC)

(၄)

Microbiological Lab (MBL)

(၅)

Chemical Lab (NFR, ESA & CON

၂၀၁၄-၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၆-၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်၊၂၀၁၈-၂၀၂၀ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၂၀-၂၀၂၂ ခုနှစ်တွင် ပဉ္စမအကြိမ် အသိအမှတ်ပြုလက်မှတ်ကို (၂) နှစ် သက်တမ်းသာ ရရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် ဆဌမအကြိမ်အထိ ISO/IEC 17025: 2017 Version ဖြင့် Accredited Certificate သက်တမ်းသည် (၂၁-၄-၂၀၂၃) ရက်နေ့မှ (၂၀-၄-၂၀၂၇) ရက်နေ့အထိ (၄) နှစ်သက်တမ်း ထပ်မံရရှိခဲ့ပါသည်။ လက်ရှိတွင် ISO/ IEC 17025: 2017 Accredited လက်မှတ်အား ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ထိုင်းနိုင်ငံ BLQS မှ Assessor များသည် ISO Guideline နှင့်အညီ နှစ်စဉ်စစ်ဆေးလျက်ရှိရာ (၂၉-၁၀-၂၀၂၄) ရက်နေ့မှ (၃၀-၁၀-၂၀၂၄) ရက်နေ့အထိ On-site Surveillance Assessment အား လာရောက် စစ်ဆေးပေး ခဲ့ ပါသည်။ 

ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပြည်ပသို့ တင်ပို့မည့် ငါး၊ ပုစွန် အစရှိသည့် ရေထွက် ပစ္စည်း များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အဓိကထားပြီး ISO ရဲ့ Standard နှင့်အညီ ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။

စစ်ဆေးပေးနိုင်သော Testing parameter များမှာ

          Microbiological Lab မှာ (၁၂) မျိုး၊ 

          Elisa Lab                          မှာ (၂) မျိုး၊ 

          Nitrofuran Lab                  မှာ (၂) မျိုး၊ 

          Contaminant Lab             မှာ (၄) မျိုး၊ 

          Food Additive Lab            မှာ (၅) မျိုး၊ 

          Toxicological Lab             မှာ (၁) မျိုး၊ 

          Nutrition Lab                    မှာ (၅) မျိုးနှင့်

          Pesticide Lab                    မှာ (၃) မျိုး၊ စုစုပေါင်း (၃၄) မျိုး တိုင်းတာစစ်ဆေး ပေးလျက် ရှိပါ သည်။ ၎င်းတို့အနက် ISO အသိအမှတ်ပြုလက်မှတ် ရရှိထားသော Parameter များမှာ (၁၆) မျိုး ဖြစ်ပါသည်။

ထုတ်ကုန်ပစ္စည်းအပေါ် စောင့်ကြည့်စစ်ဆေးမှုအစီအစဉ်အရ ငါး/ ပုစွန် ပြုပြင် ထုတ်လုပ် သည့် စက်ရုံများ၏ အစားအစာဘေးကင်းမှု၊ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သူများ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ စစ်ဆေးမှုများ (Surveillance program) ဆောင်ရွက်ရာတွင် ISO ဓာတ်ခွဲခန်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ငါး/ပုစွန် ရေထွက် ပစ္စည်းများအား EU နှင့် Non - EU တင်ပို့သည့် စက်ရုံပျှမ်းမျှ စုစုပေါင်း (၆၅) ရုံအား Surveillance Program အရ Microbiological Test များကို (၁)လလျှင် တစ်ကြိမ် ပုံမှန် စစ်ဆေးပေးလျက်ရှိ ပါသည်။ 

ထို့ပြင် တရုတ်နိုင်ငံ GACC သို့ တင်ပို့သည့် နမူနာပစ္စည်းများဖြစ်သော ငါး၊ ပုစွန်၊ ဂဏန်း (အရှင်)၊ ငါးရှဥ့်(အရှင်)များနှင့် ၄င်းတို့နှင့် ဆက်စပ်၍ အသုံးပြုရသော ရေတို့အား Microbiological Test, Chemical Test, Water Activity Test နှင့် Food Additive Test အပါအဝင် အဆိပ်အတောက်များ မဖြစ်ပွားစေရန်အတွက်လည်း Phosphorous Test များအား ISO/ IEC 17025: 2017 ၏ Guideline နှင့်အညီ နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တပြေးညီ ဓာတ်ခွဲစစ်ဆေးမှုများအား ဆောင်ရွက်ပေး လျက်ရှိပါသည်။

EU နိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အမျိုးသားအဆင့် ဓာတုဓာတ်ကြွင်းထိန်းချုပ်မှု အစီ အမံ National Residues Monitoring Program (NRMP) ကိုလည်း ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး၊ ISO Accredited Lab (၃) ခုတွင် NRMP plan အရ A2a Group (Chloramphenicol)၊ A2b (Nitrofurans)၊ B1a (Tetracycline)၊ Metal (Lead, Cadmium and Mercury) နှင့် Aflatoxin အုပ်စုများကို တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

ISO/IEC 17025: 2017 Guideline အရ ဓာတ်ခွဲခန်းများတွင် အသုံးပြုလျက်ရှိသော ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများအား သတ်မှတ်ထားသော စံချိန်၊ စံညွှန်းများ တိကျမှန်ကန်မှု ရှိ/မရှိကို သိရှိနိုင်ရန်အတွက် (၁) နှစ်လျှင်တစ်ကြိမ် Calibration (စံတိုက်ခြင်း)ကို    နိုင်ငံတကာ အသိအမှတ် ပြု လက်မှတ်ရရှိထားသော Central Laboratory (Thailand) Co., Ltd မှ Calibrator များဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဓာတ်ခွဲစမ်းသပ်  စစ်ဆေးရာတွင် အသုံးပြုလျက်ရှိသော ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများအား Preventive Maintenance ပြုလုပ်ရန်  ပြည်တွင်း၊ ပြည်ပမှ အင်ဂျင်နီယာများဖြင့် ပြုလုပ်ဆောင်ရွက် လျက်ရှိပါသည်။

ISO/IEC 17025: 2017 Accredited လက်မှတ်အား စဉ်ဆက်မပြတ် ဆက်လက် တည်တံ့ စေရန်အတွက် နှစ်စဉ် Accredited ရရှိထားသော ဓာတ်ခွဲခန်းများမှ Testing အမျိုးအစားအလိုက် မိမိတို့ဓာတ်ခွဲစမ်းသပ်သည့် နည်းပညာများ မှန်ကန်မှု ရှိ/မရှိ၊ ဓာတ်ခွဲရလဒ်များ တိကျမှန်ကန်မှု ရှိ/ မရှိနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ ကျွမ်းကျင်မှု ရှိ/မရှိ တို့အား သိရှိနိုင်ရန်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဓာတ်ခွဲစမ်းသပ်မှုများအား နှီးနှော ဖလှယ်ပြီး စစ်ဆေးမှုများပြုလုပ်သည့် Proficiency Test (PT) များအား ဝင်ရောက် ယှဉ်ပြိုင်ဖြေဆိုရပါသည်။ Microbiological Lab အနေဖြင့်  ဗီယက်နမ်နိုင်ငံ၊  QUATEST 3 (PROFICIENCY TESTING PROGRAM) တွင် လည်းကောင်း၊ Chemical  Lab များ ဖြစ် သော Contaminant Lab, Elisa Lab, Nitrofuran Lab တို့အနေဖြင့်  ထိုင်းနိုင်ငံ Central Lab တွင်လည်းကောင်း Proficiency Test (PT) များအား ဝင်ရောက်ဖြေဆို လျက်ရှိပါသည်။

Analytical Lab Testing Parameters Information

No.

Testing Sample

Test

Analysis Periods (days)

Sampling 

(Weight)

Country

Remarks

1.

Fresh/ Sea Fish Prawn 

SO2

3 days

One Test per Sample/ 500g

All Country

 

2.

Jelly Fish

Boric Acid

2 days

One Test per Sample/ 500g

All Country

 

3.

Fish & Fishery Products

Histamine

4 days

One Test per Sample/ 500g

All Country

 

4.

Fish & Fishery Products

Cadmium

2 weeks or 15 days

One Test per Sample/ 500g

Buyer Request

 

5.

Fresh/ Sea Fish Prawn

Drug Residue  Nitrofuran

2 weeks or 15 days

One Test per Sample/ 500g

Buyer Request

 

6.

Fish & Fishery Products

Malachite Green

2 months

One Test per Sample/ 500g

Buyer Request

 

7.

Fish & Fishery Products

Drug Residue Chloramphenicol

1 week or 7 days

One Test per Sample/ 500g

Buyer Request

 

8.

FWF (Rohu/ Katla/ Hilsa)

Formaldehyde

3 days

One Test per Sample/ 500g

Bangladesh

 

9.

Fish & Fishery Products

Nutrition (Moisture, Protein, Fat, Ash& Salt)

5 days

One Test per Sample/ 500g

Buyer Request

 

10.

Fish & Fishery Products

Lead

2 weeks or 15 days

One Test per Sample/ 500g

Buyer Request

 

11.

Fish & Fishery Products

Heavy Metals

 (Hg, Cd, Pb, As)

2 weeks or 15 days

One Test per Sample/ 500g

Buyer Request

 

12.

Fish & Fishery Products

Microbiological APC Coliforms, E.Coli, Staphylococcus aureus, Salmonella, Vibrio cholerrae

5 days

One Test per Sample/ 500g

Buyer Request

 

13.

Fish & Fishery Products

Enterococcus

5 days

One Test per Sample/ 500g

Buyer Request

 

14.

Fish & Fishery Products

Listeria monocytogenes

5 days

One Test per Sample/ 500g

Buyer Request

 

15.

Fish & Fishery Products

Shigella

5 days

One Test per Sample/ 500g

Buyer Request

 

16.

Fish & Fishery Products

TBV-N

5 days

One Test per Sample/ 500g

Buyer Request

 

17.

Pesticide (OC: DDT, Aldrin, Dieldrin Heptachlor, Endrin, Alpha-BHC, Beta-BHC, Delta-BHC, Gamma-BHC,DDD,DDE

In-house method based on QuEChERS method EU/SANTE/11945/2015

1 week

One Test per Sample/ 500g

Buyer Request

 

 

Department of Fisheries Analytical Laboratory Unit’s Parameters and Methods Information 2024

No.

Parameters

Test Method

Matrix

Remarks

              Microbiological Parameters

1.

Aerobic Plate Count

AOAC (2019) 990.12

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

2.

Coliforms

AOAC (2019) 998.08

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

3.

Escherichia coli

 

AOAC (2019) 998.08

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

4.

Staphylococcus aureus

AOAC (2019) 2003.11

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

5.

Salmonella

FDA BAM Online, 2018 (Chapter 5)

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

6.

Vibrio cholera

ISO 21872-1: 2017

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

7.

Listeria monocytogenes

ISO 11290-1: 2017

Water & Ice

ISO/IEC 17025: 2017 Accredited

8.

Vibrio parahaemolyticus

ISO/TS- 21872-1: 2017

Fish& Fishery Products

Not Accredited

9.

Clostridium Perfringens

ISO-14189-2013-11-01

Water

Not Accredited

10.

Enterococcus

ISO-7899-2 Second Edition 2000-

04-15

Water & Ice

Not Accredited

11.

Shigella

ISO-21567:2004

Fish& Fishery Products

Not Accredited

12.

Yeast & Mold

AOAC (2029) 997.02

Dried Prawn/ Fish

Not Accredited

 Chemical Parameters                   

1.

Nitrofuran Metabolites (AOZ, AMOZ, AHD, SEM)

In-house method T-NFR-01 based on

Journal of Chromatography B, 691 V.

691, P. 87-94, 1997

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

2.

Chloramphenicol

Euro Proxima B.V, 5091CAP (21)

07.10.

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

3.

Tetracycline

Euro Proxima, B.V, 5091TC (6)

05.13.

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

4.

Mercury

In-house method T-CON-01 based on

AOAC (2019) 974.14

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

5.

Cadmium

In-house method T-CON-01 based on

AOAC (2019) 999.11

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

6.

Lead

In-house method T-CON-01 based on

AOAC (2019) 999.11

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

7.

Malachite Green & Leuco-Malachite Green, Crystal Violet & leuco-Crystal Violet 

In-house method based on

QuEChERS method

Fish& Fishery Products

ISO/IEC 17025: 2017 Accredited

8.

Arsenic

In-house method based on AOAC

(2000) 963.21

Fish& Fishery Products

Not Accredited

9.

Histamine

MFRD-SEAFDEC, 2015

Fish& Fishery Products

Not Accredited

10.

SO2

Monier-William’s Method

AOAC 962.16 (2000)

Prawn

Not Accredited

11.

Moisture

Moisture Balance Method

In-house method based on Laboratory

Manual,2nd edition 1992, SEAFDEC,

MFRD

Fish& Fishery Products, Dried Prawn shell dust, Aquatic Animal Feed (Dried Feed Pallet,  Shrimp Feed, Fish Meal, Rice Bean, Soya Bean, Ground Nut, Wheat Flour, Rapeseed Meal)

Not Accredited

12.

Crude Protein

Macro Kjeldahl Method

In-house method based on Laboratory

Manual, 2nd edition 1992, SEAFDEC, MFRD

Prawn shell dust, Aquatic Animal Feed (Dried Feed Pallet,  Shrimp Feed, Fish Meal, Rice Bean, Soya Bean, Ground Nut, Wheat Flour, Rapeseed Meal)

Not Accredited

13.  

Crude Fat

Soxhlet Extraction Method

In-house method based on Fish

Nutrition of Practical Guide 1997,

AQD-SEAFDEC

 

 

 

Prawn shell dust, Aquatic Animal Feed (Dried Feed Pallet,  Shrimp Feed, Fish Meal, Rice Bean, Soya Bean, Ground Nut, Wheat Flour, Rapeseed Meal)

 

14.

Total Ash

Muffle Furnace Method

In-house method based on Fish

Nutrition of Practical Guide 1997,

AQD-SEAFDEC

Prawn shell dust, Aquatic Animal Feed (Dried Feed Pallet,  Shrimp Feed, Fish Meal, Rice Bean, Soya Bean, Ground Nut, Wheat Flour, Rapeseed Meal)

Not Accredited

15.

Salt

Titrimetric

In-house method based on Laboratory

Manual,

2 nd edition 1992, SEAFDEC, MFRD

Prawn shell dust, Aquatic Animal Feed (Dried Feed Pallet,  Shrimp Feed, Fish Meal, Rice Bean, Soya Bean, Ground Nut, Wheat Flour, Rapeseed Meal)

Not Accredited

16.

Formaldehyde

Laboratory Manual

(Second Edition-1992) SEAFDEC-MFRD

Fish

Not Accredited

17.

Pesticide (OC: DDT, Aldrin, Dieldrin Heptachlor, Endrin, Alpha-BHC, Beta-BHC, Delta-BHC, Gamma-BHC,DDD,DDE

In-house method based on

QuEChERS method

Fish & Fishery Products

Not Accredited

18.

TVB-N

The European Community Council Directive (95/ 149/ EC)

Fish & Fishery Products

Not Accredited

19.

Boric Acid

SEMI- Quantitative Analysis of Boric Acid

(MFRD- SEAFDEC)

Jelly Fish

Not Accredited

      

 

Company များမှသိရှိလိုက်နာရန်အချက်များ

၁။

Sample လာပို့ပါက Company Letter Head နှင့်အတူ Breakdown အပြည့်အစုံယူလာရန်။

၂။

သိရှိနားလည်သော Company ဝန်ထမ်းကိုသာ Sample နှင့်အတူ စေ လွှတ်ရန်။ 

၃။

Sample များအား (တနင်္လာ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့များတွင် နေ့လည် (၂း၃၀)နာရီထက် နောက်မကျပဲအရောက်ပေးပို့ရန်။

၄။

Result ထုတ်ပါက ငွေသွင်းသော Voucher စာရွက်များအား ပြည့်စုံစွာ ယူလာရန်။

၅။

စစ်ဆေးမည့် Parameter တစ်ခုချင်းစီအတွက် Sample နမူနာ၅၀၀ဂရမ်ကို 

(Technical Regulation 5/   2015) အရ ပေးပို့ရန်။ (ဓာတ်ခွဲစစ်ဆေးရန် အတွက် ၅၀၀ဂရမ်မပြည့်သည့်Sample  နမူနာများအား လက်ခံစစ်ဆေး ပေး မည်မဟုတ်ပါ)  

  • Frozen & Chilled Sample များကို အပူချိန်ထိန်းသိမ်းထားနိုင် သော ရေခဲဘူးထဲတွင် အေးခဲရန်သင့်တော်သော ပမာဏရှိသည့်ရေခဲထည့် ထားပြီး၊ အပူချိန် ကို 4°C  အောက်တွင် ထိန်းသိမ်းထား ရန်။ 

  • Dry Sample များကို ရေခဲမပါဝင်သော သီးသန့်ဘူးတစ်ခုတွင် ‌သေချာထုပ်ပိုးလာရန်၊ ထုပ်ပိုးလာသော Sample များကို သက်ဆိုင် ရာ ကုမ္ပဏီ၏ တံဆိပ်ဖြင့်ပိတ်ပြီးမှသာ ဓာတ်ခွဲစစ်ဆေးရန်အတွက်ဓာတ်ခွဲခန်းသို့ ပို့ရန်

၆။

ဓာတ်ခွဲစစ်ဆေးထားသည့် Test Report များကိုသတ်မှတ်ထားသည့်ရက် အတွင်းသာထုတ်ယူရန်။