အဓိကအကြောင်းအရာသို့ သွားမည်
x
မွေးမြူရေးဌာနခွဲ

ငါး/ပုစွန်မွေးမြူခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အစာအာဟာရ ပံ့ပိုး ပေးနိုင်ရေးအတွက် အရေးပါသည့်လုပ်ငန်းဖြစ်ပါသည်။ နိုင်ငံတော်နှင့်ဒေသဆိုင်ရာ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့်ကျေးလက်စီးပွားရေးအတွက်မွေးမြူရေးကဏ္ဍမှာအရေးပါသည့် ထောက်ပံ့ဖြည့်တင်း ရေးလုပ်ငန်းရပ်ဖြစ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲ၏ဖွဲ့စည်းပုံတွင် ငါး/ပုစွန်မွေးမြူရေးဌာနစု၊ ရေသတ္တဝါ ကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနစု၊ ရေအရည်အသွေးစစ်ဆေးရေးနှင့်ရေချိုသုတေသနဌာနစု နှင့် မိကျောင်းမွေးမြူရေးစခန်း တို့ပါဝင်ပါသည်။ မွေးမြူရေးဌာနခွဲ၏အဓိကလုပ်ငန်းတာဝန်များမှာ -

 

(၁)

ငါးမွေးမြူသူများအတွက် အရည်အသွေးကောင်းမွန်သည့် ငါး/ပုစွန်သားပေါက်များ ထုတ် လုပ်ရန်၊

 

(၂)

ငါးသယံဇာတများ ပေါကြွယ်ဝစေရန်အတွက် မြစ်‌၊ ချောင်း၊ အင်းအိုင်များနှင့် သဘာဝ ရေလှောင်ကန်များအတွင်းသို့ ငါး/ပုစွန်သားပေါက်များ မျိုးစိုက်ထည့်ရန်၊

 

(၃)

ရေသတ္တဝါမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလားအလာရှိသော ရေချို/ ရေငန် ငါးမျိုးစိတ်များကို သုတေသနပြုဆောင်ရွက်ရန်၊

 

(၄)

အခြေခံနှင့် လက်တွေ့အသုံးချနိုင်မည့် ငါး/ပုစွန်မွေးမြူရေးနည်းပညာများကို ငါးမွေး တောင်သူများထံသို့ဖြန့်ဝေရန်၊

 

(၅)

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) ဆိုင်ရာအား အာဆီယံ လမ်းညွှန် ချက်များနှင့် နိုင်ငံတကာ ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုနှင့် ရေရှည်တည်တံ့သော ရေသတ္တဝါ မွေးမြူခြင်း နည်းလမ်းများ ကိုဆောင်ရွက်သွားရန်၊

မွေးမြူရေးဌာနခွဲ၏ လုပ်ငန်းတာဝန်နှင့်ဆောင်ရွက်ချက်များ

 

(၁)

ဌာနပိုင် ငါး/ပုစွန်သားဖောက်စခန်းများမှ အရည်အသွေးကောင်းမွန်သော ငါး/ပုစွန် သားပေါက်များ ထုတ်လုပ်ခြင်း၊

 

(၂)

ငါးသယံဇာတများကို ရေရှည်တည်တံ့စေရန် (သို့မဟုတ်) ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် သားဖောက်စခန်းများမှထုတ်လုပ်သော ငါး/ပုစွန်သားပေါက်များကို သဘာဝ ရေပြင်သို့ မျိုးစိုက်ထည့်ခြင်း 

 

(၃)

ငါးကန်စီမံခန့်ခွဲမှုအတွက် မြေနှင့်ရေအရည်အသွေး ဆန်းစစ်တိုင်းတာခြင်းကို ဝန်ဆောင် မှု ပေးခြင်း၊ ငါး/ပုစွန်ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ငါးမွေးမြူသူများအား ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှုပေးခြင်း၊

 

(၄)

ငါး/ပုစွန်မွေးမြူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန် စောင့်ကြည့် ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သောစီမံခန့်ခွဲမှုများဖြင့် ကြီးကြပ်ခြင်း

 

(၅)

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေသော ငါး/ပုစွန်မွေးမြူရေး စနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကောင်းမွန်သောစီမံခန့်ခွဲမှုစနစ် ခိုင်မာအားကောင်း  စေရန်နှင့် သားငါးထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် မွေးမြူခြင်းကို အခြေခံ သည့် ဖမ်းဆီးခြင်းစနစ်ကို အားပေးရန်၊

 

(၆)

ထွက်ပေါ်လာသည့် အရေးကိစ္စများနှင့် လက်ရှိအခြေအနေအရ ထုတ်ပြန်ရန် လိုအပ် သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များပြင်ဆင်ခြင်းနှင့် ထုတ်ပြန် ခြင်း၊

 

(၇)

ရေတို/ရေရှည် ငါး/ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ အကောင်အထည် ဖော် ရာတွင် ကျွမ်းကျင်သည့်ပညာရှင်များမှ ကြီးကြပ်ပေးခြင်း၊

 

(၈)

ဌာနပိုင်ငါးလုပ်ငန်းစခန်းများနှင့် ပုဂ္ဂလိကငါးသားဖောက်စခန်းများမှ ငါး/ပုစွန် သား ပေါက် များထုတ်လုပ်မှု၊ နိုင်ငံတစ်ဝှမ်း မြေယာအခြားနည်းအသုံးချမှု အခြေအနေများ နှင့် ငါး/ပုစွန်မွေးမြူကန် ဧရိယာများဆိုင်ရာ အချက်အလက်များစုဆောင်းခြင်း၊ မှတ်တမ်း တင်ခြင်းနှင့်ဆန်းစစ်လေ့လာခြင်း၊

 

(၉)

နိုင်ငံတကာနှင့်အာဆီယံအဆင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် စံချိန် စံညွှန်းများနှင့်အညီ အမျိုးသားအဆင့်ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် ကို တိုးမြှင့်အကောင်အထည်ဖော်ခြင်း၊

 

(၁၀)

ဒေသခံငါးမွေးမြူသူများအတွက် အခြေခံငါး/ပုစွန်မွေးမြူရေးနှင့် ဆေးထိုးသားဖောက် သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းနှင့်ငါး/ပုစွန်မွေးမြူခြင်းနည်းပညာဆိုင်ရာ ကျွမ်းကျင် မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊

 

(၁၁)

အဆင့်မြင့်ရေသတ္တဝါမွေးမြူခြင်းဆိုင်ရာနည်းပညာများ ရှာဖွေလေ့လာခြင်းနှင့် တိုးချဲ့ ပညာပေးခြင်း၊ ရေသတ္တဝါမွေးမြူခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် တိုးချဲ့လုပ်ကိုင်နိုင်စေရန် နည်းပညာသင်တန်းများပံ့ပိုးပေးခြင်း၊

 

(၁၂)

ငါး/ပုစွန်မွေးမြူခြင်းဆိုင်ရာ လိုင်စင်အခွန်အခများ အပြည့်အဝရရှိနိုင်ရေးအတွက် အချက် အလက်များ စုဆောင်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊

 

(၁၃)

ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းအပေါ် ထူးခြားသောရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုအား လိုက်လျောညီထွေဖြစ်စေရန်နှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ငါးရောဂါကျရောက်မှုကိုကာကွယ်ရန် အတွက် ငါးမွေးမြူခြင်းလုပ်ငန်းတစ်ခုလုံးကို ပုံမှန်စောင့်ကြည့်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီ ရင်ခံတင်ပြခြင်း၊

Read More