စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန ၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)
နောက်ခံသမိုင်းအကျဉ်းချုပ်
၁။ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံကို မြန်မာနိုင်ငံ၏ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ် (သို့) ငါးလုပ်ငန်း ဒီဂရီကောလိပ်တစ်ခု ဖြစ်လာစေရန်မျှော်မှန်း၍ (၁၂-၁၂-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့် လှစ် ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် စွမ်းရည်ပြည့်ဝသော အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် မြန်မာ နိုင်ငံတွင် ငါး/ပုစွန်မွေးမြူထုတ်လုပ်မှုကို တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ် အလတ်အဆင့် ငါး/ပုစွန်မွေးမြူရေး အတက်ပညာရှင်များ မွေးထုတ်ပေးရန် ၊ ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် လူငယ်များအတွက် အဓိကဘာသာရပ်တစ်ခုအဖြစ် စာတွေ့လက်တွေ့လေ့ လာ ပညာသင်ကြားနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ၊ မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တောင်သူ များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအခွင့်အလမ်းအသစ်များ ရရှိဖော်ဆောင်နိုင်ရေး ရည်ရွယ် ခြင်းဖြစ်ပါသည်။ သင်တန်းကာလသည် (၃)နှစ်ဖြစ်ပြီး ငါးလုပ်ငန်းနှင့်ရေသတ္တဝါ မွေးမြူရေး ဒီပလိုမာ Diploma in Fisheries and Aquaculture အောင်လက်မှတ် ချီးမြှင့်မည်ဖြစ်ပါသည်။
၃။ တက္ကသိုလ်ဝင်တန်းကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်သူ ၊ အသက်(၂၂)နှစ်ထက်မကြီးသူများ လျှောက်ထားနိုင်ပြီး၊ ၂၀၂၂-၂၀၂၃ခုပညာသင်နှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျောင်းသား ဦးရေ (၁၇) ဦး ၊ ကျောင်းသူဦးရေ (၂၃) ဦး ၊ စုစုပေါင်းဦးရေ (၄၀) ဦးတို့ ပညာ သင်ကြားကြပါသည်။ ၂၀၂၃ - ၂၀၂၄ ခု ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၃) ဦး ၊ ကျောင်းသူ ဦးရေ (၃၆) ဦး ၊ စုစုပေါင်း (၅၉) ဦးနှင့် ၂၀၂၄ - ၂၀၂၅ ခုပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၃) ဦး ၊ ကျောင်းသူဦးရေ (၂၈)ဦး စုစုပေါင်းဦးရေ (၅၁) ဦးတို့ ပညာသင်ကြားလျက်ရှိပါသည်။ တတိယ နှစ် တက်ရောက်အောင်မြင် သော ကျောင်းသား/သူ များအား Diploma in Fisheries and Aquaculture အောင်လက်မှတ် ပေးအပ် ချီးမြှင်ပါမည် ၊ ဒီပလိုမာသင်တန်းပြီးဆုံးချိန်တွင် လုပ်ငန်း ခွင် ဝင်ရောက်မည့်သူများအား ငါးလုပ်ငန်းဦးစီး ဌာနမှ ဒု-လ/ထ ဦးစီးမှူး ရာထူးပေးအပ်မည်ဖြစ်ပါ သည်။ ရန်ကုန်တက္ကသိုလ် B.Sc (Fisheries and Aquaculture) ဘွဲ့ကြိုသင်တန်း ၊ တတိယနှစ်သို့ ဝင်ခွင့်ဖြေဆို၍ တက်ရောက်ခွင့် ရရှိမည်ဖြစ်ရာ ဝင်ခွင့် စာမေးပွဲကို အောင်မြင်လျှင် ၂၀၂၅ - ၂၀၂၆ ခု ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် B.Sc (Fisheries and Aquaculture) စာမေးပွဲကို အောင်မြင်ပါက အဆိုပါ ကျောင်းသားများသည် ၂၀၂၇ ခုနှစ် တွင် M.Sc (Fisheries and Aquaculture) ဘွဲ့လွန်သင်တန်းသို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
၄။ သင်ကြားမည့်ဘာသာရပ်များ -
ပထမနှစ်သင်တန်း
၁။ | Myanmar (မြန်မာစာ) |
၂။ | English (အင်္ဂလိပ်စာ) |
၃။ | Fish Taxonomy (ငါး/ပုစွန်အမျိုးအမည်သရုပ်ခွဲခြင်း) |
၄။ | Nutrition, Feeds and Feeding (ငါး/ပုစွန်စာအာဟာရ၊ငါးအစာနှင့်ငါးစာကျွေးခြင်း) |
၅။ | Fish Reproductive Biology (မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒ) |
၆။ | Limnology (ရေချိုငါး/ပုစွန်သယံဇာတနှင့်ဂေဟစနစ်) |
၇။ | Fish Biology (ငါး/ပုစွန် လုပ်ငန်းဆိုင်ရာဇီဝဗေဒ) |
၈။ | Hatchery Management and Technology (ငါး/ပုစွန်သားဖေါက်ရုံစီမံခန့်ခွဲမှုနှင့် အသုံးချ နည်းပညာ) |
၉။ | Farm Management and Technology (ငါး/ပုစွန်မွေးကန်စီမံခန့်ခွဲမှုနှင့်အသုံးချနည်းပညာ) |
ဒုတိယနှစ်သင်တန်း
၁။ | English (အင်္ဂလိပ်စာ) |
၂။ | Nutrition, Feeds and Feeding (ငါး/ပုစွန်စာအာဟာရ၊ငါးအစာနှင့်ငါးစာကျွေးခြင်း) |
၃။ | Limnology (ရေချိုငါး/ပုစွန်သယံဇာတနှင့်ဂေဟစနစ်) |
၄။ | Hatchery Management and Technology (ငါး/ပုစွန်သားဖေါက်ရုံစီမံခန့်ခွဲမှုနှင့်အသုံးချနည်းပညာ) |
၅။ | Farm Management and Technology (ငါး/ပုစွန်မွေးကန်စီမံခန့်ခွဲမှုနှင့်အသုံးချနည်းပညာ) |
၆။ | Molecular Biology (ငါး/ပုစွန် မျိုးရိုးဗီဇဆိုင်ရာ) |
၇။ | Planning, Project Formulation and Management (စီမံကိန်းရေးဆွဲခြင်းနှင့်စီမံခန့်ခွဲခြင်း) |
၈။ | Fish Pathology (ရေသတ္တဝါရောဂါဗေဒ) |
၉။ | Fish Ecology (ငါး/ပုစွန် သယံဇာတဂေဟဗေဒ) |
တတိယနှစ်သင်တန်း
၁။ | English (အင်္ဂလိပ်စာ) |
၂။ | Nutrition, Feeds and Feeding (ငါး/ပုစွန်စာအာဟာရ၊ငါးအစာနှင့်ငါးစာကျွေးခြင်း) |
၃။ | Hatchery Management and Technology (ငါး/ပုစွန်သားဖေါက်ရုံစီမံခန့်ခွဲမှုနှင့်အသုံးချနည်းပညာ) |
၄။ | Farm Management and Technology (ငါး/ပုစွန်မွေးကန်စီမံခန့်ခွဲမှုနှင့်အသုံးချနည်းပညာ) |
၅။ | Planning, Project Formulation and Management (စီမံကိန်းရေးဆွဲခြင်းနှင့်စီမံခန့်ခွဲခြင်း) |
၆။ | Aquaculture Engineering(ရေသတ္တဝါမွေးမြူရေးအင်ဂျင်နီယာပညာ) |
၇။ | Fish Physiology (ဇီဝကမ္မဗေဒ) |
၈။ | Aquaculture Economic and Financing(ငါးလုပ်ငန်းဆိုင်ရာစီးပွားရေးပညာ) |
၉။ | Food Safety and Management (အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်စီမံခန်ခွဲမှု) |
၅။ On - Site Field Trip and Excursion
ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ဆောင်၊ သရုပ်ပြဆောင် ၊ လက်တွေ့ခန်း (၁) ခန်း နှင့် ငါးမွေးကန်မြေဧရိယာ(၄၀)ဧကတွင် ကန်လုံးရေ(၁၀)လုံးအား စီစဉ်ဆောင်ရွက်ထားရှိပါ သည်။ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)နှင့်အညီမွေးမြူသည့် ဧရာဝတီတိုင်း ဒေသကြီး Agro and Aqua Industry Public Co;Ltd ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ထူးသစ် (အစာတောင့်စက်ရုံ) ၊ MEF International Co;Ltd (ကဏန်းပျော့မွေးမြူခြင်း) ၊ Jetty (ကြို့ကုန်း) ငါးတင်ငါးချဆိပ်ကမ်း များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။
၆။ ဖွဲ့စည်းပုံ
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် | ရာထူး | ဦးရေ |
၁။ | ကျောင်းအုပ်ကြီး | (၁)ဦး |
၂။ | ဒု-ကျောင်းအုပ် (စီမံ) | (၁)ဦး |
၃။ | ဒု-ကျောင်းအုပ် (သင်ကြားရေး) | (၁)ဦး |
စုစုပေါင်း | (၃)ဦး |
စီမံရေးရာဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | အရာထမ်း | (၁)ဦး |
၂။ | အမှုထမ်း | (၂၀)ဦး |
၃။ | နေ့စား | (၉) ဦး |
စုစုပေါင်း | ၃၀ ဦး |
ကျောင်းစာကြည့်တိုက် -
စဉ် | ရာထူး | ဦးရေ |
၁။ | အရာထမ်း | (၁)ဦး |
၂။ | စာကြည့်တိုက်လက်ထောက် - ၁ | (၁)ဦး |
၃။ | စာကြည့်တိုက်လက်ထောက် - ၂ | (၁) ဦး |
၄။ | ကွန်ပျူတာလုပ်ဆောင်ရေးမှူး | (၁) ဦး |
၅။ | ဒု - လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူး | (၂) ဦး |
စုစုပေါင်း | ၆ ဦး |
ငါးမျိုးပွားဌာနနှင့် ရေငန်ငါးလုပ်ငန်းဦးစီးဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | ကထိက | (၁) ဦး |
စုစုပေါင်း | ၁ ဦး |
ငါးမျိုးပွားဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | သုတေသန လ/ထ (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
ရေငန်ငါးလုပ်ငန်းဦးစီးဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | သုတေသန လ/ထ (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
ငါးသယံဇာတဌာနနှင့် ငါးသရုပ်ခွဲဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | ကထိက | (၁) ဦး |
စုစုပေါင်း | ၁ ဦး |
ငါးသယံဇာတဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | သုတေသန လ/ထ (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
ငါးသရုပ်ခွဲဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
-၆-
စဉ် | ရာထူး | ဦးရေ |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | သုတေသန လ/ထ (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
ငါးမွေးမြူရေးနှင့် ငါးအစာအဟာရဆိုင်ရာဌာနနှင့် ရေသတ္တဝါကျန်းမာရေးဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | ကထိက | (၁) ဦး |
စုစုပေါင်း | ၁ ဦး |
ငါးမွေးမြူရေးနှင့် ငါးအစာအဟာရဆိုင်ရာဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | ဓါတ်ခွဲခန်းကျွမ်းကျင် (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
ရေသတ္တဝါကျန်းမာရေးဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | ဓါတ်ခွဲခန်းကျွမ်းကျင် (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
-၇-
ရေထွက်ကုန်အရည်အသွေးဌာနနှင့် ဇီဝဗေဒဌာနနှင့် ဇီဝနည်းပညာအသုံးချဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | ကထိက | (၁) ဦး |
စုစုပေါင်း | ၁ ဦး |
ရေထွက်ကုန်အရည်အသွေးဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | ဓါတ်ခွဲခန်းကျွမ်းကျင် (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး |
ဇီဝဗေဒဌာနနှင့် ဇီဝနည်းပညာအသုံးချဌာန -
စဉ် | ရာထူး | ဦးရေ |
၁။ | လ/ကထိက | (၁) ဦး |
၂။ | နည်းပြ | (၁) ဦး |
၃။ | ဒု - နည်းပြ | (၁) ဦး |
၄။ | လ/ထ နည်းပြ | (၂) ဦး |
၅။ | ဓါတ်ခွဲခန်းကျွမ်းကျင် (၅) | (၁) ဦး |
၆။ | လုပ်သား | (၂) ဦး |
စုစုပေါင်း | ၈ ဦး | |
|
|
ကျောင်းအမည် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)
တည်ထောင်ခုနှစ် ၂၀၂၂ ခုနှစ်
ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်
တည်နေရာ ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးမြို့နယ် ၊ တွံတေး - မအူပင် ကားလမ်းကြီး ၊ မြဂိုးကျေးရွာ
အကျယ်အဝန်း ၉၂.၈၄၆ ဧက
ပိုင်ဆိုင်မှု စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ တွံတေးငါးလုပ်ငန်းစခန်း မြေဧရိယာ(၁၂၃၂.၂၃)ဧက၏ လန-၃၉ ရရှိပြီး မြေဧရိယာအတွင်း