ဝန်ဆောင်မှုကဏ္ဍ  | 
  | 
ဝန်ဆောင်မှုခေါင်းစဉ်    | ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း  | 
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ  | (က)  လုပ်ကိုင်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ)    နိုင်ငံခြားသားပိုင်ဆိုင်မှုကင်းရှင်းရမည်။  | 
လိုအပ်သောစာရွက်စာတမ်းများ  |    (က)    လိုင်စင်လျှောက်ထားလာသည့် ကမ်းဝေးငါးသယ်ရေယာဉ် အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး ထား သည့် ရေယာဉ်ဂရမ်မူရင်းနှင့် မိတ္တူ၊ (ခ)     ငါးသယ်ရေယာဉ်၏ဝဲယာအနေအထား(၂)မျိုးနှင့်တစ်မျိုးလျှင်  ဓါတ်ပုံ(၂)ပုံစီ၊ (ဂ)     ရေယာဉ်ဂရမ်တွင်ဖော်ပြထားသည့် ပိုင်ရှင်၏ ဓါတ်ပုံ (၁)ပုံနှင့်အတူ ရေယာဉ်အား မိမိပိုင်ဆိုင်ကြောင်း ကတိသစ္စာပြုလွှာနှင့် နိုင်ငံခြား သား အကျိုးစီးပွားပိုင်ဆိုင်မှုပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရ ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသည်အထိ အရေးယူခံရမည်ကို သိရှိ ကြောင်းကတိဝန်ခံချက်၊ (ဃ)   ရေယာဉ်သည် ယခင်နှစ်များတွင် ငါးလုပ်ငန်းများလုပ်ကိုင် ခဲ့ပါက ငါးလုပ်ငန်းဦးစီးဌာနမှထုတ်ပေးထားသည့် ငါးသယ် လိုင်စင်မူရင်း နှင့် မိတ္တူ။ 
  | 
ဝန်ဆောင်ခ  | အခမဲ့  | 
လျှောက်ထားရန်အဆင့်များ  | (က)     တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ငါးလုပ်ငန်းဦးစီးဌာနများသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။   (ခ)    တိုင်းဒေသကြီး/ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယ်ရေယာဉ် ဂရမ်  မူရင်းနှင့် မိတ္တူများအား စိစစ်၍ တိုင်းဒေသကြီးဦးစီးဌာနမှူး ထံ တင်ပြ ရမည်။     (ဂ)     ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့်  ပြည်ပတင်ပို့ ငါးသယ် လိုင်စင်ခအတွက် 5 US$ /GRT/ Trip + Registration Fees 50US$ ပေးဆောင်ရမည်။    (ဃ)    ပြည်ပတင်ပို့သည့် ငါးသယ်လိုင်စင်ရရှိပြီးမှသာရေထွက် ပစ္စည်းများ ကိုပြည်ပသို့ တင်ပို့ရမည်။  | 
