အဓိကအကြောင်းအရာသို့ သွားမည်
x
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)

တည်နေရာ၊အကျယ်အဝန်း

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သည်ရန်ကုန်မြို့  မှ(၂၆.၉၅၆)ကီလိုမီတာအကွာအဝေး၊တွံတေး-မအူပင်ကားလမ်း တွံတေးခရိုင်အတွင်းရှိ ဇီးဖြူ   ကုန်းကျေးရွာနှင့်မြဂိုးကျေးရွာအကြားတွင်  တည်  ရှိပါသည်။ သင်တန်းကျောင်း တည်နေရာသည် တွံတေးငါးလုပ်ငန်းစခန်း (၁၂၃၂.၄၆)ဧက အတွင်း   တည်ရှိပြီးသင်တန်းကျောင်းမှာ(၉၂.၈၄၆)ဧက ကျယ်ဝန်းပါသည်။

နောက်ခံသမိုင်းကြောင်းနှင့် ရည်ရွယ်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၂၂-၂-၂၀၂၁)ရက်နေ့ကျင်းပပြုလုပ်သော(၃/၂၀၂၁) ညှိနှိုင်းအစည်းအဝေးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ မိမိတို့နိုင်ငံသည် စိုက်ပျိုး ရေး၊ မွေးမြူရေးနိုင်ငံဖြစ်သဖြင့် ၎င်းလုပ်ငန်းများနှင့်ပတ်သက်၍ သင်တန်းကျောင်းများ၊ ကော လိပ်များ၊ တက္ကသိုလ်များကိုတိုးချဲ့ဖွင့်လှစ်၍ လိုအပ်သည့်စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးရန် လိုကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် ()ရပ်နှင့်အညီ ငါးလုပ်ငန်း နည်းပညာရပ်ဆိုင်ရာများတိုးတက်ပြီး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက်ငါးလုပ်ငန်းဦးစီးဌာနသည်ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ စီမံအုပ်ချုပ်လျှက်ရှိပြီး ရည်မှန်း လျှက်ဆောင်ရွက်ခဲ့ရာ(၅-၉-၂၀၂၂)ရက်နေ့တွင် အဆောက်အဦများပြီးစီးခဲ့ပြီး (၁၂-၁၂-၂၀၂၂) ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းအား အောက်ပါ ရည်ရွယ်ချက်(၅)ချက်ဖြင့် ဖွင့် လှစ်ခဲ့ ပါသည်-

(က)  မြန်မာနိုင်ငံတွင် ငါး/ပုစွန်မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျွမ်း ကျင်သောအလယ်အလတ်အဆင့် ငါးပုစွန်မွေးမြူရေး အတတ်ပညာရှင်များ မွေးထုတ်ပေး ရန်။

 ( ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် လူငယ်များ အတွက်အဓိကဘာသာရပ်တစ်ခုအဖြစ်စာတွေ့လက်တွေ့လေ့လာပညာသင်ကြား နိုင်သည့် အခွင့်အလမ်းရရှိလာနိုင်စေရန်နှင့် ပညာရပ်နှင့်ကိုက်ညီသည့် အလုပ် အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်စေရန်။

( )   မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် တောင်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အခွင့်အလမ်းအသစ် များရရှိဖော်ဆောင်နိုင်ရေးအစီအစဉ်များတွင်အထောက်အကူပြု ပါဝင်ဆောင်ရွက် သွားနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ရရှိလာနိုင်စေရန်။

 (ဃ) ရေနေပတ်ဝန်းကျင်၊   ရေပြင်ရှိ သက်ရှိအပင်နှင့် သတ္တဝါများ၏ ဇီဝဗေဒ၊ ရူပဗေဒ၊ 

ဓါတုဗေဒဆိုင်ရာနှင့် ဂေဟဗေဒဆိုင်ရာဆက်စပ်မှုများ ရေသယံဇာတအရင်းအမြစ် နှင့် ၎င်းတို့၏ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းဆိုင်ရာ အခြေခံပညာရပ်များ နားလည် သိရှိစေရန်။

(င)   ရေချိုသာမက ရေငန်ငါးလုပ်ငန်း အထောက်အကူဖြစ်စေရန်  ရေငန်ပတ်ဝန်းကျင်၊ ရေငန်သက်ရှိများ၏ ဇီဝ ၊ ဓါတု၊ရူပဆိုင်ရာ ပါဝင်မှုများနှင့် ရေငန်သယံဇာတထိန်း သိမ်းရေးပညာရပ်အား  လေ့လာသိရှိနိုင်ရန်။ 

 

မျော်မှန်းရလဒ်/ရရှိနိုင်မည့်အကျိုးကျေးဇူး

 

       မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရေးအတွက် စွမ်းရည်ပြည့်ဝသော အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

 

ဝန်ထမ်းအင်အားနှင့် တာဝန်ခွဲဝေချထားမှု

           ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ကျောင်းအုပ်ကြီး(၁)ဦး၊ သင်ကြားရေးဆိုင်ရာအနေဖြင့် ကထိက(၂)ဦး၊ လက်ထောက်ကထိက(၃)ဦး၊ ဝန်ထမ်းရေးရာအနေဖြင့်အရာထမ်း(၃)ဦး၊ အမှုထမ်း (၅)ဦးနှင့် နေ့စား(၇)ဦး၊ စုစုပေါင်းဝန်ထမ်းဦးရေ (၂၁)ဦး ဖြင့်လည်ပတ် ဆောင်ရွက် လျက်ရှိပါသည်။

Read More