အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးလုပ်ငန်းဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ငါးဖမ်းရာသီတွင် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းကို (၂၇-၁-၂၀၂၅) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် ငါး/ပုစွန်သယံဇာတ ထိန်းသိမ်းနိုင်ရေး၊ သားစဉ်မြေးဆက် နှစ်စဉ် ငါးသယံဇာတ မျိုးမပြုန်းတီးစေဘဲ ဖမ်းဆီးထုတ်လုပ် နိုင်ရေးအတွက် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်းကို နှစ်စဉ် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ငါးဖမ်းရာသီတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်(၃) လအား တားမြစ်ပိတ်ပင်ခြင်းကို (၂၇-၁-၂၀၂၅) ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၅ ဖြင့် ထုတ်ပြန်ထားခဲ့သည်။